လိုဏ်ဂူအတွင်းမှ ဆက်သွယ်ချက်များ
မောင်မြတ်မိုး(ဘာသာပြန်)
3500 က်ပ္
စာရေးသူ - မောင်မြတ်မိုး (မြန်မာပြန်) စာမျက်နှာ - ၃၆၅ စိတ်ဝင်စားဖွယ်ရာ ဘာသာပြန်စာအုပ် တစ်အုပ်ကို မိတ်ဆက် ပေးလိုက်ပါတယ်။ အဲဒါကတော့ မကြာသေးမီ ကာလက ကမ္ဘာတစ်ဝှမ်းမှာ စိတ်ဝင်စားမှု အလွန်များပြ
ားပြီး မီဒီယာတွေရဲ့ ပစ်မှတ်တစ်ခုလို ဖြစ်ခဲ့တဲ့ လိုဏ်ဂူအတွင်းဝင်သွားသော ထိုင်းကလေးငယ် ၁၃ဦး ကို ပြန်လည်ကယ်ဆယ်ရေး ဇာတ်လမ်း သတင်းတစ်ပုဒ်ပါ။ အဲဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံ မယ်ဆိုင်ဒေသကို ကျော်လွန်ပြီး နိုင်ငံတကာ လူထုကို အံ့သြမှု စိုးရိမ်ပူပန်မှု ပျော်ရွှင်မှု ဂုဏ်ယူလေးစားမှု စတဲ့ စိတ်ခံစားမှုတွေကို ဖြစ်စေခဲ့ပါတယ်။ ယခု စာအုပ်က အဲဒီအကြောင်းအရာ တွေကို စာရေးဆရာ JAMES MASSOLA က ပြည့်ပြည့်စုံစုံ စုစည်း လေ့လာရေးသားထားတဲ့ THE GREAT CAVE RESCUE စာအုပ်ဖြစ်ပါတယ်။ ဒါကို ဆရာမောင်မြတ်မိုး က "လှိုဏ်ဂူအတွင်းမှဆက်သွယ်ချက်များ" ဆိုတဲ့ နာမည်နဲ့ ဘာသာပြန်ဆိုထားတာပါ။ ဒီစာအုပ်ပါ အဓိက အကြောင်းအရာဟာ ထိုင်းကလေးငယ်များ လှိုဏ်ဂူအတွင်း ပျောက်ဆုံးသွားမှုကို ဒေသခံများနဲ့ နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့တွေ ပူးပေါင်းပြီး ကယ်ထုတ်ခဲ့တဲ့ ဇာတ်ကြောင်း သက်သက်မဟုတ်ပါဘူး။ သတင်းမီဒီယာများမှာ မပါဝင်တဲ့ လူသိနည်းလှသော ထူးထူးဆန်းဆန်း အဖြစ်အပျက်များ ဘာသာရေးနဲ့ လိုဏ်ဂူအတွင်းမှ အဆက်အစပ်များ စိတ်ဝင်စားဖွယ် ရှားပါးမှတ်တမ်းဓါတ်ပုံများကို တွေ့မြင်ဖတ်ရှုရမှာပါ။ ဒါ့အပြင် ကယ်ဆယ်ရေး လုပ်ငန်းအဆင့်ဆင့်နဲ့ ကယ်ဆယ်ရေး အဖွဲ့ဝင်တွေရဲ့ အသေးစိပ် ကြိုးစားအားထုတ်မှုတွေကို အင်တာဗျူးများ ပြုလုပ်ပြီး တိကျတဲ့ ပညာရပ်ဆိုင်ရာ မှတ်တမ်း မှတ်ရာများ အဖြစ် စုစည်း ဖော်ပြ ပေးထားပါတယ်။ အခင်းဖြစ်ပွားခဲ့ရာ မယ်ဆိုင် ဒေသရဲ့ ပတ်ဝန်းကျင် အနေအထား လူနေမှုစရိုက်များ ဒေသန္တရ အခြေအနေ များမှအစ လူမှုပတ်ဝန်းကျင် တစ်ခုလုံးကိုပါ ပထဝီပညာရပ် ရှု့ထောင့် ကနေ လေ့လာတင်ပြ ထားပါသေးတယ်။ ထိုင်း မြန်မာ နယ်စပ်ဒေသမှ ကမ္ဘာကျော် ဖြစ်ရပ်မှန် ဇာတ်ကြောင်းကို "ခမ်းနားသော လူသားဆန်မှု မှတ်တမ်း" တစ်ခုအဖြစ် ရန်ကုန်လမ်းမများ စာပေမှ ဂုဏ်ပြုထုတ်ဝေလိုက်ရပါကြောင်း … စာချစ်သူများလည်း စိတ်ဝင်စားကြမယ် ထင်ပါတယ်။ ဖတ်ကြည့်ကြပါဦး။
မောင်မြတ်မိုး(ဘာသာပြန်) စာအုပ္မ်ား
chevron_right
Privacy Policy