ခရမ်းပြာဝိုင် ကဗျာစု
ဟယ်ရီလွင်
2000 က်ပ္
စာရေးသူ - ဟယ်ရီလွင် စာမျက်နှာ - ၇၀ ‘အသာရသွားတဲ့ ရာမရဲ့ ဘုန်း ပြာကျသွားတဲ့ ရာဝဏ္ဏရဲ့ နှလုံး ကဗျာညမှာ ဘယ်သူမှ မရှုံးပါဘူးကွယ် … ’ တဲ့။ ခရမ်းပြာနှင်းဆီ စာပေကနေ ထွက်ရှိခဲတဲ့ ကဗျာဆရာ ဟယ်ရီလွင�
��ရဲ့ ခရမ်းပြာဝိုင် ကဗျာစု စာအုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစာအုပ်မှာတော့ ခရမ်းပြာဆိုတဲ့ နာမ်စားလေးတစ်ခုနဲ့ ပတ်သက်တဲ့ အတိတ်ရပ်ဝန်းက ဝေဒနာခံစားမှုအရပ်ရပ်ကို ပုံဖော်ဖွဲ့သီထားတဲ့ မေတ္တာဖွဲ့ကဗျာတွေ သီးသန့်ကို စုစည်းထားတာပဲ ဖြစ်ပါတယ်။ ကဗျာအမျိုးအစားကလည်း အစုံပါပဲ။ မြန်မာ့ရိုးရာ ကာရန် နဘေ အစပ်အဟပ်ရေးထုံးနည်းတွေကို ဆန်းသစ်တဲ့ အတွေး၊ လှပတဲ့ နိမိတ်ပုံတွေနဲ့ သီကုံးထားတဲ့ ကဗျာတွေ ပါဝင်သလို ခေတ်ပေါ် ကာရန်မဲ့ မော်ဒန်ကဗျာအမျိုးအစား ကဗျာတွေလည်း ပါဝင်ပါတယ်။ ကဗျာဆရာကြီး မောင်လင်းယုန် (ရှမ်းပြည်)က မေတ္တာအမှာရေးလို့ ချီးမြှင့်ပေးထားပါတယ်။ ‘လူတကာတွေ အတင်းအဖျင်းဆိုလည်း သူရာရည်ပြင်းပြင်းကို ပူပါစေ မျှင်းမျှင်းမျိုခဲ့မှတော့ အငိုမဲ့တဲ့ သောင်တဝိုက်မှာ လောင်မြိုက်ခဲ့တဲ့ မျက်ရည်ညိုတွေအတွက် မှောင်မိုက်ခဲ့တဲ့ ရက်တွေဆိုတာ သက်သေမလိုပါဘူးကွယ်’ (ခရမ်းပြာ နွေဦး … ကဗျာရှည် မှ) ဒီစာအုပ်ရဲ့ ထူးခြားချက် နောက်တစ်ခုကတော့ ကဗျာတွေကို စာမျက်နှာပေါ်က စကားလုံးတွေအဖြစ်တွင်မက၊ အသံအနေနဲ့ပါ ထည့်သွင်းပေးထားခြင်းပါပဲ။ စာအုပ်မှာ ပါဝင်တဲ့ ကဗျာတွေကို စည်သူလွင်၊ ရည်မိုးအောင်၊ ဂျီလတ်၊ ဘိုလေး၊ မောင်မောင်လတ်၊ ကိုတိုးဝင်း၊ လင်းလင်း၊အယ်လ်ဒီ၊ ရဲထွတ်၊ မောင်မောင်ဖောင်တိန်၊ ဇာနည်ဇော်ဝင်း၊ မေဓာဝီ၊ နေထွန်း၊ ဟယ်ရီလွင်၊ သုလင်းဝေ၊ ဟိန်းဆက်သွင်၊ လွမ်းနောင်၊ စိုးမင်း (မုံရွာ) နှင့် မင်းနွေ တို့က ဆွေးမြည့်ဖွယ် နောက်ခံဂီတနဲ့ အတူ၊ ရွတ်ဆိုထားပါတယ်။ ဒီရွတ်ဆိုမှုတွေ ပါဝင်တဲ့ CD တစ်ချပ်ကိုပါ စာအုပ်ထဲမှာ မေတ္တာလက်ဆောင် ထည့်ပေးထားပါတယ်။ ကဗျာကို စာအုပ်အနေနဲ့ ဖတ်ရှုရတဲ့ ရသအပြင် အသံအနေနဲ့ပါ နားဆင်ရမယ့် ခံစားမှုတွေ ရရှိမှာဖြစ်သလို ကဗျာတွေကို ရွတ်ဆိုထားသူတွေကလည်း စာပေ၊ ကဗျာ၊ ဂီတ၊ ပန်းချီ၊ ဒီဇိုင်း စတဲ့ နယ်ပယ်အသီးသီးက အနုပညာသမားတွေမို့ မကောင်းမှာကိုတော့ စိတ်ပူစရာ မရှိပါဘူး။ ကဗျာဆရာ ဟယ်ရီလွင်ရဲ့ ရင်အောက်ခန်းမှာ သိုလှောင်သိမ်းဆည်းထားခဲ့တဲ့ နှစ်ချို့ဝိုင် ပြင်းပြင်းတွေရဲ့ အရသာကို ခံစားဖတ်ရှု နားဆင်ကြည့်ကြပါဦး။
ဟယ်ရီလွင် စာအုပ္မ်ား
chevron_right
Privacy Policy