ဒိုင်ယာရီထဲမှာ သိမ်းထားချင်တယ် နှလုံးသားစာစုများ
မနောသီရိ
1500 က်ပ္
စာရေးသူ - မနောသီရိ စာမျက်နှာ - ၁၅၁ ‘ဒီစာအုပ်လေးထဲမှာတော့ မိန်းကလေးတစ်ယောက်ရဲ့ အချစ်နဲ့ ပတ်သက်ပြီး ကြုံတွေ့ခဲ့ရတဲ့ ခံစားမှုတွေ အားလုံးကို ဒိုင်ယာရီလေးထဲမှာ သိမ်းထားခဲ့ပြီဖြစ်တဲ့အကြောင�
��း စာစုလေးတွေအဖြစ် ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ နှလုံးသားရဲ့ မရင့်ကျက်မှုတွေလို့ ဆိုပေမယ့် စာဖတ်သူတွေအတွက် ပေးချင်တဲ့ အကြောင်းအရာလေး တစ်ခုရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ လူတစ်ယောက်ရဲ့ အတ္တနဲ့ အတွင်းဗီဇစိတ်အကြောင်းပါပဲ။ ချစ်သူရည်းစား ထားရင်ပဲဖြစ်ဖြစ်၊ အိမ်ထောင်ပြုတော့မယ် ဆိုရင်ပဲဖြစ်ဖြစ်၊ ကိုယ်ရွေးချယ်မယ့်လူရဲ့ ဗီဇစိတ်ကို ကြည့်ပါ။ အချစ်တစ်ခုတည်းနဲ့ မဆုံးဖြတ်ပါနဲ့။ ဂုဏ်ပကာသနနဲ့ ငွေကြေးပြည့်စုံမှုကိုလည်း မကြည့်ပါနဲ့။ ဗီဇကောင်းတဲ့သူဟာ သင်မပေးဆပ်လည်း သေတဲ့အထိ ကောင်းသလို၊ ဗီဇမကောင်းတဲ့သူကတော့ သင်အသက်ပေးလို့ ပေးဆပ်လည်း သေတဲ့ထိ မကောင်းနိုင်ဘူး ဆိုတာပါပဲ’ ဆိုတဲ့ အမှာစာနဲ့အတူ ထွက်ရှိလာတဲ့ မနောသီရိရဲ့ ဒိုင်ယာရီထဲမှာ သိမ်းထားချင်တယ် အမည်ရ နှလုံးသားခံစားမှု စာစုတွေကို စုစည်းထုတ်ဝေထားတဲ့ စာအုပ်လေးပါ။ ဒီစာအုပ်ထဲမှာတော့ မိန်းကလေးတစ်ယောက်ရဲ့ အချစ်ခံစားမှု ဝေဒနာတွေနဲ့အတူ လူတွေရဲ့ ဗီဇ စိတ်သဘောတွေကို ဖတ်ရှုခံစားကြရမှာပါ။
မနောသီရိ စာအုပ္မ်ား
chevron_right
Privacy Policy