ခရေရနံ့ ဝတ္ထုတိုများ
ပုညခင်
4000 က်ပ္
စာရေးသူ - ပုညခင် စာမျက်နှာ - ၃၃၀ ‘ပန်းတို့သည် သူ့အလှနှင့်သူ၊ သူ့ရနံ့နှင့်သူ ရသတစ်မျိုးစီ ပေးစွမ်းနိုင်ကြသကဲ့သို့ ကျွန်မ၏ ဝတ္ထုတိုများသည်လည်း … ဖတ်ရှုသူတို့ကို ရသတစ်မျိုးစီ ပေးစွမ်းနိ
ုင်စေပြီးလျှင် စာဖတ်သူတို့၏ နှလုံးအိမ်၌ ခရေရနံ့ကဲ့သို့ သင်းပျံ့ကျန်ရစ်စေလိုသော စိတ်ဆန္ဒဖြင့် ဤဝတ္ထုတိုများအား ခရေရနံ့ ဝတ္ထုတိုများ ဟု အမည်ပေးလိုက်ရပါသည် …’ ဆိုတဲ့ ညွှန်းဆိုချက်နဲ့ ပုညခင်စာအုပ်တိုက်ကနေ ၂၀၁၉၊ ဧပြီလမှာ ထွက်ရှိလာပါတယ်။ ဆရာမရဲ့ ကလောင်သက် နှစ်၂၀အတွင်း ရေးသားခဲ့တဲ့ ဝတ္ထုတိုတွေကို စုစည်းပြီး ယခင်ကလည်း နှင်းဆီရနံ့ ဝတ္ထုတိုများ စာအုပ်နဲ့ စံပယ်ရနံ့ ဝတ္ထုတိုများ စာအုပ်တို့ ထွက်ရှိခဲ့ပြီး ယခု စာအုပ်ကတော့ ခရေရနံ့ ဆိုပြီး တတိယအုပ်အဖြစ် စုစည်းထုတ်ဝေလိုက်ခြင်း ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာတော့ … မှဲ့၊ အချစ်နှင့် အခြားသော အရာများ၊ အာရုံအလွဲ၊ ပွဲတက်သူများ၊ ယောကျ်ားတစ်ယောက်ရဲ့ အချစ်၊ အတ္တကိုဗဟိုပြု၍၊ မေတ္တာကိုသာ ပေးပါ၊ လှပတဲ့ ဝဋ်ကြွေး၊ အလှ၏ ပြင်ပ၊ ပန်းနဲ့ဆူး၊ ခြွင်းချက်၊ သူ့နံဘေးမှာ၊ ချိန်းတဲ့နေ့၊ အချစ်နဲ့အကြွား၊ ရယ်ချင်မိလို့၊ အနှစ်သာရ၊ အိပ်မက်ဘုံ၊ ခြားနားခြင်း၊ အိပ်မက်ပျို (သို့) အိပ်မက်ပြို၊ ကွက်လပ်များအကြောင်း … စတဲ့ ဝတ္ထုတို (၂၀) ပါဝင်ပါတယ်။
ပုညခင် စာအုပ္မ်ား
chevron_right
Privacy Policy