ကောင်းကင်မရှိလည်းမြေကြီးရှိတယ်
နှင်းဝေငြိမ်း
3000 က်ပ္
စာရေးသူ - နှင်းဝေငြိမ်း သူမယောကျ်ားပိုင် အသုံးအဆောင်များကို ကိုင်တွယ်ကြည့်ရှုမိတာမျိုး၊ ဥပမာ သူ့စာူပွဲကို သူမခန္ဓာကိုယ်ဖြင့် ဖိပြီးရပ်မိနေလျှင် ထိုစားပွဲအား သူမယောင်းမများက အထပ်ထပ်�
��ခါခါ လာသုတ်ကြ၏။ ပါးစပ်ကလည်း ဘုန်းနိမ့်တော့မှာပဲဟု ထပ်ပြန်တလဲလဲရွတ်နေကြ၏။ ဘာကြောင့်လဲဟု ထိုဖြစ်စဉ်ကို သူမအံ့ဩလိုက်တာနှင့် "ကိုယ့်ယောကျ်ားရဲ့ ဘုန်းကံကိုနိမ့်အောင်လုပ်တာ၊ မိန်းမဆိုတာဘုန်းနိမ့်ပြီးသား" ဟု သူမယောကျ်ားရှေ့မှာ အားမနာစွာ ပြောဆိုဝေဖန်ကြလေသည်။ မယုံနိုင်စရာပါပဲဟုသူမက စောဒကတက်လျှင်၊ ဒေါသထွက်လျှင် "မင်းက မင်းအိမ်မှာပဲ နေချင်သလို နေလို့ရမယ် … ဒါငါ့မိသားစုပိုင်အိမ်၊ ငါ့အိမ်က စည်းကမ်းအတိုင်း မင်းနေနိုင်အောင်နေ" (ဆောင်းမြို့ကလေးရဲ့နေဝင်ရီတရော) ဆရာမ နှင်းဝေငြိမ်းရဲ့ ကောင်းကင်မရှိလည်း မြေကြီးရှိတယ်နှင့် ဝတ္ထုတိုပေါင်းချုပ် ဆိုတဲ့ စာအုပ်သစ်လေး ဧပြီလ (၄)ရက်နေ့မှာ ထွက်ရှိလာတော့မှာဖြစ်ပါတယ်။ ဝတ္ထုတို ချစ်သူတွေအတွက် စိတ်ကျေနပ်မှု ရရှိစေမယ့် ဆရာမရဲ့ ဝတ္ထုတိုပေါင်းချုပ်မို့ Wun Zinn to Home ကနေ ကြိုတင်အမှာများ လက်ခံနေပါပြီနော်။
နှင်းဝေငြိမ်း စာအုပ္မ်ား
chevron_right
Privacy Policy