လယ်ကွင်းများ စိုက်ခင်းများနှင့် ရိုးမကိုဖြတ်သန်းခြင်း
ညိုထွန်းလူ
3000 က်ပ္
စာရေးသူ - ညိုထွန်းလူ
စာမျက်နှာ - ၁၆၀
၂၀၁၈ ခုနှစ်၊ တောင်တွင်းကြီးမြို့နဲ့ မြို့လှ(ရေတာရှည်နယ်)စာပေဟောပြောပွဲသွား အတွေ့အကြုံ ဆောင်းပါးကို
မိုးလုံး(မိုးမိတ် မဘိမ်းနယ်) စာပေခရီးသွားဆောင်းပ�
��းအဟောင်းနဲ့ပေါင်းပြီး ထုတ်ဝေထားတဲ့ ခရီးသွားဆောင်းပါးစု ဖြစ်ပါတယ်။
‘ရှေ့သို့ တိုးရွှေ့သွားသည်နှင့်အမျှ နောက်မှာကျန်ရစ်ခဲ့သည့် ခြေလှမ်းတွေ မှေးမှိန်ပျောက်ကွယ်သွားရစမြဲ။ မည်သို့ပင်ဖြစ်စေ ကျွန်တော် လျှောက်ခဲ့သည့် ခြေလှမ်းတွေနှင့်အတူ ဖြတ်သန်းသွားခဲ့သည့် ခေတ်၏ ပုံရိပ်တွေအကြောင်းကို တတ်နိုင်သမျှ ရေးသားနိုင်အောင် ကြိုးစားရတော့မည်။ ဒါက ကျွန်တော်၏ တာဝန်တစ်ခုဟု မှတ်ယူလိုက်သည်။ ကျွန်တော့် စာဖတ်ပရိသတ်များအားလုံး စိတ်ရွှင်လန်း ချမ်းမြေ့ကြပါစေ’ လို့ ဆရာညိုထွန်းလူက ဒီစာအုပ် အမှာစာမှာ ဆိုထားပါတယ်။
ရသစာပေရဲ့ အကိုင်းအခက်တစ်ခုဖြစ်တဲ့ ခရီးသွားစာပေအမျိုးအစားဟာ သုတရသ ရောပြွန်းတဲ့ စာပေဟန်တစ်မျိုး ဖြစ်သလို ခေတ်ရဲ့ ဒေသအခြေအနေတွေကို မှတ်တမ်းတင်နိုင်တာမို့ အဖိုးတန်စာအုပ်တစ်အုပ်အဖြစ် ညွှန်းဆိုလိုက်ပါတယ်။