စာရေးသူ - ဘိုဘိုဟံ (ဘုတလင်)
စာမျက်နှာ - ၁၄၃
အတွဲအနေနဲ့ ကဗျာစာအုပ်တွေ ဆောင်းပါးစုတွေ စုပေါင်းထုတ်ဝေခဲ့ဖူးပေမယ့် တစ်ကိုယ်တော်အနေနဲ့တော့ ယခုစာအုပ်ဟာ စာရေးဆရာ ဘိုဘိုစံ(ဘုတလင်)ရဲ့ ပထမဆုံး တစ�
�ကိုယ်တော်စာအုပ် ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ပါဝင်တဲ့ ဝတ္ထုတိုတွေကတော့ အိန္ဒိယ၊ တရုတ် စတဲ့ အရှေ့တိုင်းစာပေတွေရော၊ အနောက်တိုင်းစာပေလက်ရာတွေကိုပါ ရောစပ်ဘာသာပြန်ဆိုထားတာမို့ နိုင်ငံတကာဝတ္ထုတိုတွေလို့လည်း ခေါ်ဆိုနိုင်ပါလိမ့်မယ်။ ကြယ်တွေစီးသော မြစ်တစ်စင်း၊ ပန်းပေးသူက ကျွန်တော် ဥယျာဉ်မှူးက ကျွန်တော့်ဇနီး၊ ပန်းသီးလေးလို၊ ပြန်လည်ရှင်သန်ခြင်း၊ အဝတ်လှန်းစင်လေး၊ ဆောင်းဒဏ်ရာတွေ၊ ပီတိမျက်ရည်၊ စစ်သားတစ်ယောက်ရဲ့ မျက်ရည်တွေ၊ ဘီကီနီသီးသန့်၊ လူနာစောင့်၊ မျက်လုံးတစ်ဖက်၏ အခြားမျက်နှာ၌၊ အထည်ကြီးပျက်၊ ဘဝတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၊ နေဝန်းနီကို မော်ဖူးခြင်း၊ အဘယ်သို့ စိမ်းသော်လည်း၊ နှုတ်ဆက်ပါတယ် အမေ၊ ဝိညာဉ်တို့၏ နိုးထခြင်း၊ စီတီဇင်ရှစ်၊ စိတ်ကျန်းမာ ကိုယ်ကျန်းမာ၊ စတဲ့ ဝတ္ထုတိုတွေ ပါဝင်ပါတယ်။ ဝတ္ထုတိုချစ်သူတွေအဖို့တော့ အားပါးတရ ခံစားဖတ်ရှုရမယ့် ရသစုံ စာအုပ်တစ်အုပ်ပါပဲ။