ပျော်ရွှင်ဖွယ်မှတ်စုများ
ဆူးရစ်နွယ်
2000 က်ပ္
စာရေးသူ - ဆူးရစ်နွယ် စာမျက်နှာ - ၁၀၈ ကဗျာဆရာ ဆူးရစ်နွယ်ရဲ့ ဒိုင်ယာရီဆန်ဆန် မှတ်စုအချက်အလက် အတွေးအမြင် ခံစားချက်တွေကို စုစည်းထားတဲ့ စာအုပ်သစ် ထွက်ရှိလာပါတယ်။ ‘ကျွန်တော်က များသောအားဖြင
့် ဒိုင်ယာရီ ရေးလေ့ မရှိဘူး။ မှတ်ဉာဏ်ထဲမှာတော့ တေးမှတ်ထားတာလေးတွေ ရှိတယ်။ တစ်ခါတလေ တွေ့ရာစာရွက်မှာ ကောက်မှတ်လိုက်တာတွေ ရှိတယ်။ အဲ့ဒီ မှတ်မိနေတာလေးတွေကို ရေးကြည့်မိတယ်။ ရေးရင်းနဲ့ပဲ မှတ်ဉာဏ်တချို့က ပြန်ပေါ်လာတယ်။ တချို့မှတ်ဉာဏ်တွေက အတိအကျပါပဲ။ ပေါ်လာသမျှကို ပြန်ရေးတယ်။ မှတ်ဉာဏ်ထဲ ပေါ်လာသမျှကို ရေးတဲ့အခါမှာ စိတ်အနာတရ အချို့ ပြန်ပေါ်လာပြီး လေသံများ နည်းနည်းမာသွားရင် စကားလုံးလေးများ ကြမ်းသွားရင် ကျွန်တော်က ဦးအောင် တောင်းပန်ပါရစေ။ ပြီးတော့ ဒီစာတွေကို ဘုရားစူး အငြိုးတေး မပါဘဲ ချစ်တဲ့စိတ်သက်သက်နဲ့ ရေးခဲ့တယ်ဆိုတာကိုလည်း ယုံစေ့ချင်ပါတယ်။ တကယ့်ကို ပျော်ရွှင်စရာ ကောင်းတဲ့ မှတ်စုများပါပဲ’ လို့ စာရေးသူက ဒီစာအုပ်နဲ့ ပတ်သက်ပြီး အမှာစာ ရေးထားပါတယ်။ ဘယ်လို ပျော်ရွှင်စရာ မှတ်စုတွေဖြစ်မလဲ၊ ဖတ်ကြည့်ကြပါဦး စာချစ်သူတို့ရေ။
ဆူးရစ်နွယ် စာအုပ္မ်ား
chevron_right
Privacy Policy