တော်လ်စတွိုင်း ဝတ္ထုတိုများ
မောင်ထွန်းသူ
8000 က်ပ္
ကမ္ဘာကျော်စာရေးဆရာကြီး လီယိုတော်စတွိုင်းကိုတော့ မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့ ရင်းရင်းနှီးနှီး ရှိပြီးသား ဖြစ်မှာ အသေအချာပါပဲ။ ‘စစ်နှင့် ငြိမ်းချမ်းရေး’ ၊ ‘အင်နာ ကရင်နီနာ’ ၊ ‘ပြန်လည်ရှင
်သန်ခြင်း’ စတဲ့ ကမ္ဘာကျော် ဝတ္ထုတွေရဲ့ ဖန်တီးရှင်ပေါ့။ အခုစာအုပ်ကလည်း စာဖတ်သူတွေအဖို့ သိပြီးသား နေမှာပါ။ ဆရာမောင်ထွန်းသူက ဒီစာအုပ်ကို (၁၉၉၅)ကတည်းက ပထမအကြိမ် ဘာသာပြန်ဆိုထုတ်ဝေခဲ့ပြီးနောက်မှာ မြန်မာစာဖတ်ပရိသတ် အားပေးမှုကြောင့် အကြိမ်ကြိမ်အခါခါ ပုံနှိပ်ထုတ်ဝေနေရတဲ့ စာအုပ်ပါပဲ။ ယခုဆိုရင် ဆဋ္ဌမအကြိမ်မြောက်အဖြစ် ထပ်မံထွက်ရှိလို့ လာပြန်ပါပြီ။ တကယ်တော့ ဒီစာအုပ်မှာ ပါတဲ့ ဝတ္ထုတိုတွေက ဝတ္ထုတိုတွေ ဆိုပေမယ့် ပုံပြင်ဆန်တယ်လို့ ဆိုနိုင်ပါတယ်။ ပုံပြင်ဆန်ဆန် ဝတ္ထုတိုတွေပေါ့။ တော်စတွိုင်းရဲ့ ‘ပုံပြင် နှစ်ဆယ့်သုံး’ လို့ ဆိုကြပါတယ်။ ဆရာမောင်ထွန်းသူကတော့ ပုံပြင်နှစ်ဆယ့်သုံးကို အပိုင်း (၇)ပိုင်းခွဲပြီး ‘တော်စတွိုင်း ဝတ္ထုတိုများ’ ဆိုတဲ့ အမည်နဲ့ မြန်မာစာဖတ်ပရိသတ်လက်ထဲ ပေးပို့ခဲ့တာပါ။ ဗုဒ္ဓဝါဒနဲ့ နီးစပ်လှတဲ့ တော်စတွိုင်းရဲ့ အတွေးအမြင် အယူအဆတွေနဲ့အတူ ဂန္ထဝင်အဖြစ် သတ်မှတ်နိုင်တဲ့ ဒီပုံပြင်ဝတ္ထုတွေကတော့ ဖတ်မိသူတိုင်းရဲ့ ရင်မှာ တသသ စွဲငြိနေမှာ အသေအချာပါပဲ။
မောင်ထွန်းသူ စာအုပ္မ်ား
chevron_right
Privacy Policy