စာရေးသူ - မင်းသေ့
စာမျက်နှာ - ၂၉၉
‘စကားလုံးတွေကို ပဲကြီးလှော်လို သဘောထားပြီး ဝါးကြည့်စမ်းပါ’ တဲ့။
‘စာအုပ်ဆိုတာ ဖတ်ပြီးသွားဖို့ မဟုတ်ဘူး။ ဖတ်နေဖို့။ စာကို မဖတ်နဲ့၊ စိတ်ကိုဖတ်။ စာများမျ�
��းဖတ်၊ စာအုပ်အများကြီး မဖတ်နဲ့’ တဲ့။
ဒီစကားလုံးတွေက ဒီစာအုပ်ရဲ့ အသက်တွေပဲလို့ ယူဆချင်မိပါတယ်။ ဖတ်ညွှန်းများ ဆိုတဲ့အတိုင်း စာအုပ်ရီဗျူးတွေကို စုစည်းဖော်ပြထားတဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။ ဘယ်လို စာအုပ်ရီဗျူးတွေလဲ။ ဆရာမင်းသေ့က သူဖတ်ပြီး တသသဖြစ်ကျန်ခဲ့တဲ့ စာအုပ်ကောင်းတွေကို ပြန်လည်ချဉ်းကပ်ရေးသားထားတဲ့ စာအုပ်ရီဗျူးဆောင်းပါးတွေလို့ပဲ ဆိုပါရစေ။ မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ၊ ဆရာကြီး ရွှေဥဒေါင်း၊ ဒဂုန်တာရာ၊ မြသန်းတင့်၊ မဟာမြိုင် ဦးဇောတိက၊ ဖေမြင့်၊ သီတဂူဆရာတော် ဦးဉာဏိဿရ၊ မောင်ဝံသ၊ ဒေါက်တာသန်းထွန်း၊ ဂျူး၊ နန္ဒာသိန်းဇံ၊ ညီညီနိုင်၊ ကိုကိုမောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ တင့်ဇော်ထွန်းအောင်၊ ကျော်ဝင်း၊ ဒေါက်တာခင်မောင်ဝင်း၊ ဇေယျသူ၊ အောင်မိုးဝင်း၊ လယ်တွင်းသားစောချစ်၊ မောင်လင်း၊ ဖျာပုံတင့်ဆွေ၊ ဘုန်းမြင့်မောင် … စသူတွေရဲ့ စာကောင်းပေမွန် များစွာ များစွာ အကြောင်း။ စာအုပ်အပြင် စာအုပ်ရီဗျူးတွေအကြောင်း DVD တစ်ချပ်ပါ ပါဝင်ပါသေးတယ်။