အရှေ့ကနေဝန်းထွက်သည့်ပမာ
သိန်းဖေမြင့်
15000 က်ပ္
စာရေးသူ - သိန်းဖေမြင့် စာမျက်နှာ - ၇၉၀ ဆရာသိန်းဖေမြင့် နှစ် (၁၀၀)ပြည့် (၁၉၁၄-၂၀၁၄) အထိမ်းအမှတ် အဖြစ် ပိတောက်ရနံ့ စာအုပ်တိုက်က (၂၀၁၄) ဇန်နဝါရီလတုန်းက ဒသမအကြိမ် (စဆုံး ပေါင်းချုပ်) ထုတ်ဝေထားတဲ့
ဆရာသိန်းဖေမြင့်ရဲ့ အလွန်ကျော်ကြားတဲ့ ဝတ္ထုရှည်။ ‘အရှေ့က နေဝန်း ထွက်သည့်ပမာ’။ မဖတ်ဖူးသူတောင် ခေါင်းစဉ်တော့ ကြားဖူးကြမယ့် ဝတ္ထုရှည်ကြီး ဖြစ်ပါတယ်။ ဒီဝတ္ထုကို ဆရာသိန်းဖေမြင့်ဟာ မြဝတီမဂ္ဂဇင်း အခန်းဆက်ဝတ္ထုရှည်အဖြစ် (၄)နှစ်ဝန်းကျင်ကြာ ရေးသားခဲ့ပြီးတော့မှ ဝတ္ထုစာအုပ်အဖြစ်နဲ့ ထပ်မံပြီး ခေတ်အဆက်ဆက် ရိုက်နှိပ်ထုတ်ဝေခဲ့ရတဲ့ ဝတ္ထုဖြစ်ပါတယ်။ ‘အရှေ့က နေဝန်းထွက်သည့်ပမာ … ကို၊ ကျွန်တော်က ဝတ္ထုအဖြစ်ဖြင့် ရေးသည်။ သို့သော် ကျွန်တော်သည် ကျွန်တော်တို့၏ လွတ်လပ်ရေး အရေးတော်ပုံသမိုင်းကို နောက်ခံကားပြုကာ ဇာတ်လမ်း၊ ဇာတ်ကွက်၊ ဇာတ်အိမ်ဆင်ပြီး ဇာတ်ကောင်များကို ကပြစေရာ အချို့က ကျွန်တော့် အတ္ထုပ္ပတ္တိ ဟူ၍ လည်းကောင်း၊ အချို့က လွတ်လပ်ရေးသမိုင်း စာပဒေသာ ဟူ၍လည်းကောင်း ထင်ကြပြီး ဝတ္ထုဟု ထင်သူက နည်းနေခဲ့သည်။ ဤလို ဝိဝါဒ ဖြစ်ခြင်းသည်ကပင် ဤဝတ္ထု၏ အောင်မြင်ချက် ဖြစ်သည်ဟု ကျွန်တော် ဆိုချင်သည်။ အကြောင်းမူကား ကျွ်တော်တို့၏ လွတ်လပ်ရေး အရေးတော်ပုံသမိုင်းသည် နောက်ခံကားမျှသာ ဖြစ်စေကာမူ ဇာတ်လမ်း၊ ဇာတ်အိမ်၊ ဇာတ်ကွက်နှင့် ဇာတ်ကောင်အားလုံးတို့ထက် ခံ့ညားထည်ဝါ အဓိပ္ပါယ်ပါသောကြောင့်တည်း။ ကျွန်တော်တို့၏ လွတ်လပ်ရေး အရေးတော်ပုံ သမိုင်းသည်သာ ဇာတ်အိမ်၊ ဇာတ်လမ်း၊ ဇာတ်ကွက်များကို ဖန်တီးနိုင်ပြီး ဇာတ်ကောင်များအား ကပြစေရန် ကြိုးဆွဲသူ ဖြစ်ပေရာ လွတ်လပ်ရေး အရေးတော်ပုံ သမိုင်းသည်သာ အရာရာကို လွှမ်းမိုးရမည် ဖြစ်ခြင်းကြောင့်တည်း’ (‘အရှေ့ကနေဝန်း ထွက်သည့်ပမာ’ ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေစဉ်က ဆရာသိန်းဖေမြင့်ရဲ့ အမှာစာ … မှ) မြန်မာ့လွတ်လပ်ရေးသမိုင်းဖြစ်စဉ်နောက်ခံနဲ့ ဇာတ်လမ်းဇာတ်ကွက်ဆင် တခမ်းတနားရေးသားထားတဲ့ ဆရာသိန်းဖေမြင့်ရဲ့ အကျော်ကြားဆုံးလက်ရာ ‘အရှေ့ကနေဝန်းထွက်သည့်ပမာ’ (စဆုံးပေါင်းချုပ်) စာအုပ်ကို သပ်ရပ်တဲ့အပြင်အဆင်နဲ့ အခုပဲ မှာယူလိုက်ကြရအောင်လား စာချစ်သူတို့ရေ။
သိန်းဖေမြင့် စာအုပ္မ်ား
chevron_right
Privacy Policy