နှင်းဆီဖြူ(March)2019
Magazine
4500 က်ပ္
စာရေးသူ - ကလောင်စုံ စာမျက်နှာ - ၂၄၅ နှင်းဆီဖြူ စာပေဂျာနယ် ပထမအုပ် ထွက်ရှိစဉ်က သိင်္ဂါရရသအရေးအသားတွေနဲ့ ပတ်သက်လို့ ဖြစ်ပွားခဲ့တဲ့ လှုပ်ခတ်မှုကို မမေ့လောက်ကြသေးဘူး ထင်ပါတယ်နော်။ ယခု သိင်�
��ဂါရအရေးအသားတွေအပြီး မြန်မာ့နှစ်ကူးမတိုင်မီမှာ ထပ်မံထွက်ရှိလာတဲ့ နှင်းဆီဖြူ စာပေဂျာနယ် ဒုတိယအုပ်နဲ့ စာချစ်သူများကို မိတ်ဆက်ပေးချင်ပါတယ်။ ယခုလထုတ်အတွက် အထူးပြုဝိသေသကတော့ ဝိဂတယုတ္တိ အသုံးဖြစ်ပါတယ်။ ဝိဂတယုတ္တိဆိုတာကတော့ ပိုပိုသာသာတင်စားချက်၊ လျှော့ပေါ့တင်စားချက်တွေကို ကိုယ်စားပြုပါတယ်။ ဒီလထုတ်အတွက် မိတ်ဆက်မှာတော့ ယခုလို ရေးသားထားပါတယ်။ ‘ဒီလ အရေးအသားများကို ဝိဂတယုတ္တိ လို့ အမည်တပ်ထားပါတယ်။ တိပိဋကပါဠိအဘိဓာန်လာ (ယုတ္တိ+ဝိရောဓ) အသင့်ယုတ္တိနှင့် ဆန့်ကျင်ခြင်း (တနည်း) ဆင်ခြင်ခြင်းရဲ့ အလွန်ဆိုတဲ့ အဓိပ္ပါယ်ပါ။ ကျွန်တော်တို့ စာပေလက်ရာတွေထဲက အထက်တန်းသင်ရိုး ညွှန်းတမ်းတစ်ခုဖြစ်တဲ့ ဦးပုညရဲ့ ဆဒ္ဒန်ဆင်မင်းဇာတ်၊ ရေသည်ပြဇာတ်တို့ဟာ အကောင်းဆုံး ဥပမာပါ’ တဲ့။ ဒီလထုတ်မှာတော့ သိုးထိန်း(အန္တိမ)၊ မျိုးတေဇာမောင်၊ မောင်ဒေး၊ သူရိန်လင်း၊ ငုအိမ်ထက်မြက်၊ ရွှေပိုးအိမ်(ပဲခူး)၊ သက်ငြိမ်သစ်၊ ထင်မင်းလူ၊ နောင်ချိုသစ်၊ ဇင်ရ၊ မြတ်သန်း၊ ဇူးမြတ်ထွန်း၊ လွန်းဆက်နိုးမြတ်၊ ဒီလူကလေး၊ သူဝေး၊ ထူးလွင်မျိုး၊ ပန်ဒိုရာ၊ မြေမှုန်လွင်၊ မို၊ ကျော်ဘသစ်၊ ခိုင်မြဲကျော်စွာ၊ နေသန်၊ မပန်းခက်၊ မိုးနွေ၊ မြတ်ကျော်၊ သူရိန်လူလေး၊ မြင့်သန်း၊ Thandar Htet ၊ ဖြူနှင်းဖွေး၊ ကျော်ဇောခိုင်၊ စိုးမြင့်ဝင်း၊ လှိုင်မင်းသူ၊ ဏေသစ်၊ မော်မင်းသန်း၊ ကျော်မျိုး၊ Vowel ၊ မိုးသက်ဟန်တို့ရဲ့ လက်ရာ … ဝိဂတယုတ္တိအရေးအဖွဲ့တွေကို ဖတ်ရှုကြရမှာ ဖြစ်ပါတယ်။
Magazine စာအုပ္မ်ား
chevron_right
Privacy Policy