ပါရီ မီးလောင်ပြီလား
မောင်ပေါ်ထွန်း ၊ ချစ်ဝင်းညွန့်
8000 က်ပ္
စာရေးသူ - မောင်ပေါ်ထွန်း၊ ချစ်ဝင်းညွန့်
စာမျက်နှာ - ၃၉၆
‘ပါရီ မီးလောင်ပြီလား ကို၊ ကျုပ် အနည်းဆုံး လေးကြိမ်လောက် ပြန်ဖတ်ပြီးပြီ။ အဲဒါဟာ သမိုင်းကို ဘယ်လို ပြန်ရေးသင့်တယ် ဆိုတာကို ပြလိုက်တ�
�ပဲ’
(ဗိုလ်ချုပ်ကြီး မောင့်ဘက်တန်)
‘ပါရီကို မည်သည့်နည်းနှင့်မျှ ရန်သူ့လက်တွင်းသို့ မကျစေရ။ အကယ်တန္တု ကျရောက်ခဲ့လျှင်လည်း ရန်သူတွေအနေနှင့် အပျက်အစီး ပြာပုံကြီးကလွဲလို့ တခြားဘာမှ မတွေ့စေရ’
ဤသို့ဖြင့် ဘာလင်စစ်ဋ္ဌာနချုပ်သည် ပါရီ နာဇီတပ်မှူးထံ … ‘ပါရီ မီးလောင်ပြီလား’ ဟု ထပ်ကာထပ်ကာ တွန်းအားပေး မေးနေပြီ …
စတဲ့ စတဲ့ သမိုင်းဖြစ်ရပ်တွေနဲ့ ‘ပါရီ မီးလောင်ပြီလား’။
Larry Collins နဲ့ Dominique Lapierre တို့ရေးသားခဲ့တဲ့ Is Paris Burning? စာအုပ်ကို ဆရာမောင်ပေါ်ထွန်းနဲ့ ဆရာချစ်ဝင်းညွန့်တို့က ဘာသာပြန်ထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ပါရီမြို့ မကျဆုံးအောင် အားထုတ်နေကြတဲ့ နာဇီစစ်သည်များ၊ တကယ်လို့ ကျဆုံးခဲ့ရင် တစ်မြို့လုံး မီးလောင်တိုက်သွင်းရန် ဟစ်တလာထံမှ အမိန့်ရထားသူ နာဇီတပ်မှူး၊ နိုင်ငံကို ရန်သူ့လက်မှ ကယ်တင်ရန်ကြိုးပမ်းနေတဲ့ ပြင်သစ်မျိုးချစ်များ၊ ထိုထိုပဋိပက္ခများကြားမှ ချာချီ၊ ဒီဂေါ၊ အိုင်ဆင်ဟောင်ဝါ၊ ဟစ်တလာတို့ရဲ့ ရုပ်ပုံလွှာများကို ခြယ်မှုန်းရေးသားထားသော ဝတ္ထုရှည်ကြီးဖြစ်ပါတယ်။ သမိုင်းဖြစ်ရပ်မှန်ကို ဝတ္ထုသဖွယ် ရေးသားထားခြင်း ဖြစ်ပါတယ်။