သင်မသိသေးတဲ့ သင့်အကြောင်း လူတွေအကြောင်း
ဖြိုးဝေ(မဟာဝိဇ္ဇာ)
3500 က်ပ္
စာရေးသူ - ဖြိုးေ၀ (မဟာဝိဇ္ဇာ)
စာမျက်နှာ - ၂၀၀
‘သင့် ဦးခေါင်းခွံထဲမှာ သင်နဲ့ တစ်သက်လုံး အတူရှိနေပြီး သင်မသိဘဲ သင့်ကို ကြိုးကိုင်ခြယ်လှယ်နေသူ ရှိနေတာ သင်သိပါသလား။ ဒီစာအုပ်မှာ … ဒေါ်အောင်ဆန�
�းစုကြည်လို လူအများအပေါ် လွှမ်းမိုးတဲ့ ပုဂ္ဂိုလ်မျိုးနဲ့ လူအများလုပ်တဲ့နောက် လိုက်လုပ်တတ်တာ ဘာကြောင့်လဲ၊ စုံတွဲတွေ ရုပ်ချင်းဆင်လေ့ရှိတာ ဘာကြောင့်လဲ၊ ဖေ့စ်ဘွတ်ခ်မှာ တင်တဲ့ အကြောင်းအရာတွေက သင့်အကြောင်း လူတွေအကြောင်း ဘာတွေပြောနေသလဲ၊ ကောလာဟလတွေ မကြာခဏဖြစ်တာ ဘာကြောင့်လဲ၊ စနိုက်ကြော်မှု၊ ဖောက်ပြန်မှု၊ မုဒိမ်းမှု၊ လူသတ်မှု၊ မူးယစ်ဆေးစွဲမှု၊ ဂိမ်းစွဲမှု၊ သေကြောင်းကြံစည်မှုတွေ ဘာကြောင့်ဖြစ်တာလဲ၊ ရွေးကောက်ပွဲမှာ ရွေးချယ်ပြီး မဲပေးတာ ဘာကြောင့်လဲ၊ ဘယ်လိုလူတွေက ကိုယ့်ကိုယ်ကိုယ် ဖော်တတ်သလဲ … အစရှိတဲ့ သင်သိသလိုလိုနဲ့ မသိသေးတဲ့ သင့်အကြောင်း၊ လူတွေအကြောင်းနဲ့ စိတ်မကျန်းမာတော့တဲ့ လူ့အဖွဲ့အစည်းအကြောင်း ဖော်ပြထားပါတယ်။’
သင်မသိသေးတဲ့ သင့်အကြောင်း၊ လူတွေအကြောင်း (လူ့အပြုအမူနှင့် စိတ်ဖြစ်စဉ်ကို လေ့လာခြင်း) ဆိုတဲ့ ဒီစာအုပ် သင်နဲ့တကွ လူသားတွေရဲ့ စိတ်အခြေအနေဖြစ်စဉ်တွေကို သိပ္ပံနည်းကျ လေ့လာပြုစု ဆန်းစစ်ထားတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ သားငယ်စာပေကနေ ထွက်ရှိထားတဲ့ ဒီစာအုပ်ကတော့ စာချစ်သူတွေအတွက် စိတ်ဝင်စားဖွယ် ဖြစ်မှာမို့ မိတ်ဆက်ပေးလိုက်ပါတယ်။ လေ့လာဖတ်ရှုကြည့်ကြပါဦး။