စာရေးသူ - နိုင်သစ် (မြန်မာပြန်)
စာမျက်နှာ - ၁၄၂
ပျင်းရိခြင်း ဆိုတာ တရုတ်အတွေးအခေါ်ပညာရှင် ဝူဝေရဲ့ မကြိုးစားခြင်း ဒဿနကို အခြေခံထားတာလို့ ဆိုပါတယ်။ နောက်တစ်ခုက ပျင်းရိခြင်း ဆိုတာ လူတွေသိတဲ
့ ပျင်းရိခြင်းမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ ဒါဖြင့် ဘယ်လိုပျင်းရိခြင်းမျိုးကို ရည်ညွှန်းတာပါလဲ။ ဒါကတော့ ဘဝနေနည်းအသစ်ဒဿနဖြစ်ပြီး ဒီစာအုပ်ထဲမှာတော့ အကြောင်းအရာတွေကို အသေးစိတ် ရှင်းလင်းထားပါတယ်။ သေချာတာကတော့ ဒီစာအုပ်ဟာ တက်ကျမ်း မဟုတ်ပါဘူး။ အောင်မြင်ရေး လမ်းညွှန်ချက်တွေ မဟုတ်ပါဘူး။ ဒါဆို ဘာလဲ။ ဒဿနတွေဆိုပေမယ့် ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ဆန်းစစ်မှုနဲ့ ပြန်တွေးစရာတွေကို ပေါ့ပေါ့ပါးပါး ဖြစ်အောင် သရုပ်ဖော်ပုံတွေ ဝေဝေဆာဆာနဲ့ ရေးသားထားပါတယ်။ 'ငါ ဘာမှမလုပ်ဘဲနေရင် ကမ္ဘာကြီး ပျက်တော့မယ် ထင်ရင် ဒီစာအုပ်ကို ဖတ်ကြည့်ပါ' … လို့ စာရေးသူက ညွှန်းဆိုထားပါတယ်။ ကဲ … ဖတ်ကြည့်ကြပါဦး။