ပြာလဲ့လဲ့ မိုးကောင်းကင်ထက်က တောင်ပံနီ ငှက်ကလေးများ
ကေသရာဇာ
5000 က်ပ္
စာရေးသူ - ကေသရာဇာ (ယင်းမာပင်)
စာမျက်နှာ - ၃၃၀
စာရေးဆရာ ကေသရာဇာ (ယင်းမာပင်) ရဲ့ ‘ပြာလဲ့လဲ့ မိုးကောင်းကင်ထက်က တောင်ပံနီ ငှက်ကလေးများ’ ဆိုတဲ့ စာအုပ်သစ်ပါ။ ထူးခြားမှုကတော့ ပင်ကိုရေးဝတ္ထုတိုတွ�
��နဲ့ ဘာသာပြန်ဝတ္ထုတိုတွေကို စုစည်းထုတ်ဝေထားတာပါပဲ။ ဆရာသိုက်ထွန်းသက်နဲ့ ဆရာမ ယဉ်ယဉ်နု (မန္တလေး)တို့က အမှာစာ ရေးသားပေးထားပါတယ်။ ပင်ကိုရေး ဝတ္ထုတိုတွေမှာ ဆိုရင်၊ ထန်းတောထဲက အိမ်ကလေး၊ ပြာလဲ့လဲ့ မိုးကောင်းကင်၊ မြင်းခွာသံ တဖြောက်ဖြောက်၊ ဦးဆောက်ပန်း၊ ချိန်ပစ်ကြသူများ၊ သံအိမ်ထဲက ကလေးလေး၊ ဖွင့်ထားသော တံခါးမှ အဝင်၊ အနိုင် အရှုံး၊ တောင်ပံနီ ငှက်ကလေးများ၊ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ ဧရာဝတီ၊ စတဲ့ ဝတ္ထုတို (၁၀)ပုဒ် ပါဝင်ပြီး ဘာသာပြန်အနေနဲ့တော့ တစ်အူထုံ့ဆင်း ချစ်ခြင်းတေးသီ၊ နှလုံးလှ လှုပ်ရှား မေတ္တာတရား၊ လူကလေး ရေးတဲ့စာ၊ နှလုံးသားမဲ့ သံသရာမှာ ကျွန်မ မနေလိုပါ၊ သံစဉ်ချိုချို အမေအို၊ အသက်နှင့် လှော်ခတ် ကျွန်တော် မရပ်ပါ၊ ပြတင်းပေါက်က ကောင်မလေး၊ ကျွန်တော့်ကို သိပါသလား ဘုရားသခင် … စတဲ့ ဝတ္ထုတို (၈)ပုဒ် ပါဝင်တာမို့ ဝတ္ထုတိုချစ်သူတွေအနေနဲ့ အားပါးတရ ရသအဖုံဖုံကို ခံစားဖတ်ရှုကြရမှာပါ။