စာရေးသူ - မောင်နိုင်လင်း (ကောလင်း)
စာမျက်နှာ - ၈၃
‘ဘဝဆိုတာ … အစရှိတယ်၊ အဆုံးရှိတယ်။ ဒါပေမဲ့ အများစုကတော့ အစကိုလည်း မသိသလို အဆုံးရှိရာလည်း ရောက်အောင် မသွားနိုင်ကြပေဘူး။ တူဖြစ်ရင် ထုလိုက် ပ�
��ဖြစ်ရင် ခံလိုက်နဲ့ သံသရာကြီးထဲ တဝဲ၀ဲလည်လို့။ မနက်ဖြန်ပေါင်း များစွာကို ကိုယ်အပိုင်သေချာ ဝယ်ယူထားတဲ့ ပုံမျိုးနဲ့ အတ္တ မာနတွေ လောဘ ဒေါသတွေ ကြီးထွားရှင်သန်ခွင့် ပေးထားကြပြန်တယ်။ စိုက်ပျိုးခဲ့သမျှကို ကိုယ်ပဲ ပြန်ရိတ်သိမ်းရပါလား ဆိုတဲ့ အသိအတွေးတွေ ကင်းမဲ့စွာပေါ့’
ဒီလို … ဘဝဆိုတာ အစချီ အတွေးစာစုပေါင်း (၄၀) ပါဝင်တဲ့ မောင်နိုင်လင်း (ကောလင်း)ရဲ့ ‘ဘဝဆိုတာ’ စာအုပ်လေး ဖြစ်ပါတယ်။ ဖတ်ကြည့်ကြပါဦး။