စာရေးသူ - မာရီယာလင်း
စာမျက်နှာ - ၁၈၀
‘ဒါ နာကျင်ခြင်းတွေအကြောင်း သီးသန့်ရေးထားတဲ့ စာတွေပါပဲ။ ၃၈ပုဒ်သော စာတွေထဲက တစ်ပုဒ်လောက် ခင်ဗျားတို့ ရင်ထဲရောက်ဖို့ပဲ မျှော်လင့်ပါတယ်။ ဒါဆို ကျွန်တေ�
��် ရေးရကျိုးနပ်တယ်။ ဒါ … ကဗျာစာအုပ် မဟုတ်ပါဘူး။ ဒါ အက်ဆေးစာအုပ်လည်း မဟုတ်ပါဘူး။ ကျွန်တော့် နာကျင်ရခြင်းတွေကို ယုတ်မာစွာ ဝေမျှခံစားစေခြင်းပါပဲ။ ခင်ဗျားတို့ ဟန်ဆောင်ပြီး မေ့ချင်ယောင်ဆောင်နေတဲ့ အတိတ်တချို့ကို ကျွန်တော် ဖုန်ပြန်ခါပေးတာပါပဲ။ ကျွန်တော်လည်း မေ့လို့မှ မရခဲ့ဘဲလေ’
ဒါကတော့ မာရီယာလင်းက သူ့စာအုပ်အကြောင်း ပြောထားတဲ့ အထဲက ကောက်နှုတ်ထားတာပါ။ တကယ်တော့ အမှာစာပါပဲ။ ဒီစာအုပ်မှာတော့ Section (9) ခုနဲ့ ဖွဲ့စည်းထားတဲ့ စာတွေ ပါဝင်ပါတယ်။
‘Error 404’
စောက်ချိုးမပြေခြင်းတွေကြောင့်ပဲ
ချစ်ခဲ့ရသလို
စောက်ချိုးမပြေခြင်းတွေကြောင့်ပဲ
ငါတို့ ဝေးခဲ့ကြရတယ်
ချစ်ခြင်းမေတ္တာဟာ
ဘယ်တော့မှ
စောက်ချိုးမပြေခဲ့ …။ ။
မာရီယာလင်း
မာရီယာလင်းရဲ့ ယုတ်မာစွာ ဝေမျှခံစားစေမှုကို စာနာစွာနဲ့ ခံစားဖတ်ကြည့်ကြပါဦး ဘော်ဒါတို့ရေ။