သမုဒယ မော်ကွန်းတွင်ရစ်စေသတည်း
ဒေါက်တာစုစုခိုင်
7000 က်ပ္
စာရေးသူ - ငြိမ်းကျော် စာမျက်နှာ - ၇၂၆ ‘မင်းတို့ ငါတို့လူငယ်တော်တော်များများကို သုတေသနပိုး ရာသက်ပန်ဝင်နေလေလေ ကောင်းလေပဲ။ သုတေသနလုပ်ငန်းဟာ နိုင်ငံတစ်နိုင်ငံရဲ့ အသက်သွေးကြောပဲ။ ဒီလိုလေက
ွာ… လူတွေရဲ့ လိုအပ်ချက်ကိစ္စနဲ့ပတ်သက်တာပဲကြည့်၊ ကိုယ်သဘောကျတဲ့ အစာအာဟာရတစ်ခုကို မစားရရင် သေမတတ်ဖြစ်ကြတယ်။ သူများဝတ်တာမြင်လိုက်ရင် ကိုယ်ကပါ လိုက်ဝတ်ရမှ၊ မဝတ်ရရင် သေမတတ်ဖြစ်ကြတယ်။ ဒါပေမဲ့ … သူများသိတာမျိုး ကိုယ်မသိရရင် ဘာမှ မဖြစ်ကြဘူး။ သိဖို့ကိစ္စကျတော့ ချက်ချင်းမသိရရင် သေမတတ်မဖြစ်ကြဘူး။ သိဖို့ ကိစ္စကို အမြင့်ဆုံးသိရအောင် မကြိုးစားတဲ့လူမျိူးက ဓားမနောက်ပိတ်ပဲဖြစ်မယ်’ ဆရာငြိမ်းကျော်ရဲ့ နာမည်ကျော် ဝတ္ထုရှည်တစ်ပုဒ် ဖြစ်တဲ့ ‘သမုဒယမော်ကွန်းတွင်ရစ်စေသတည်း’ ကို ပထမအကြိမ် ထုတ်ဝေခဲ့တုန်းက (ပထမတွဲ+ဒုတိယတွဲ)အဖြစ် ထုတ်ဝေခဲ့ပေမယ့် ယခု ဒုတိယအကြိမ်မှာတော့ တစ်တွဲတည်းအဖြစ် ပိတောက်ရနံ့စာအုပ်တိုက်ကနေ ထုတ်ဝေလိုက်ပါပြီ။ ဒီဝတ္ထုရှည်ကြီးဟာ ဆရာငြိမ်းကျော်ရဲ့ ဘဝဖြတ်သန်းမှုကို တစ်စိတ်တစ်ဒေသ အခြေခံခဲ့တယ်လို့လည်း ကြားသိဖူးပါတယ်။ အနုစိတ် အရေးအဖွဲ့၊ တာဝန်ကြီးတဲ့ ဇာတ်အိမ် အခြေခံ၊ ဘ၀ အဖြစ်အပျက်များစွာ၊ ရိုးဖြောင့်စစ်မှန်တဲ့ ပြည်သူတွေ၊ တိုင်းသူပြည်သားကောင်း စိတ်သဘော ရှိတဲ့ သူအချို့အတွက် ဆရာငြိမ်းကျော် ရေးထိုးတဲ့ မော်ကွန်း၊ သမုဒယမော်ကွန်း တွင်ရစ်စေသတည်း။
ဒေါက်တာစုစုခိုင် စာအုပ္မ်ား
chevron_right
Privacy Policy