စာရေးသူ - မသီတာ (စမ်းချောင်း)
စာမျက်နှာ - ၁၀၂
‘တကယ်တော့ အမျိုးသမီးဆိုရင် လိင်ဆိုင်ရာ အသုံးချခံအဖြစ် မြင်တတ်ကြသလို အသုံးချပြီးတဲ့အခါမှာတောင် အပြစ်ရှိသူက မိန်းမသားဆိုတာမျိုး အစွပ်စွဲ ခံရ�
�တ်ပါတယ်။ ဒါ့ကြောင့် တစ်ခါက အမေရိကန်စာရေးဆရာမ နာအိုမီဝုလ်ဖ် ပြောဖူးသလို …(အလှအပက အကြမ်းဖက်မှုကို တွန်းအားပေးသတဲ့။ ဥပဒေမှာ ဆိုထားတာလေ ဆိုတဲ့ အဆုံးအဖြတ်ကိုယ်တိုင်က အကြမ်းဖက်မှုကို ဘာက တွန်းအားပေးသလဲ ဆိုတဲ့ အဆုံးအဖြတ်ကို အမျိုးသားတွေရဲ့ အမြင်ကနေ ကြည့်ပြီး ပြောထားတာ ဖြစ်နေလေရဲ့) ပေါ့။ မိန်းမတစ်ယောက်ရဲ့ အမြင်မှာတော့ အလှအပက အကြမ်းဖက်မှုကို ဘယ်လိုနည်းနဲ့မှ တွန်းအားပေးနိုင်တယ်လို့ မဆုံးဖြတ်နိုင်ဘူး မဟုတ်လား’
ဆရာမ မသီတာ (စမ်းချောင်း)ရဲ့ စာအုပ်သစ်ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာတော့ … မိန်းမသားဆိုတာ မကြံဆနိုင်သူ၊ ပညာသေးသူတဲ့လား၊ မိန်းမသားဆိုတာ အုပ်ချုပ်ခံ၊ အုပ်ထိန်းခံလား၊ မိန်းမသားဆိုတာ အားနွဲ့သူ ဒုက္ခသည်လား၊ မိန်းမသားဆိုတာ ရောင်းကုန် (သို့) ဝယ်ယူအားပေးသူလား၊ မိန်းမသားဆိုတာ အကာအကွယ်မဲ့သူလား၊ မိန်းမသားဆိုတာ သားကောင်လား၊ မိန်းမသားဆိုတာ လိင်ဆိုင်ရာ အသုံချခံ အစွပ်စွဲခံလား၊ မိန်းမသားဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု မရှိသူလား၊ မိန်းမသားဆိုတာ သူတို့ကိုယ်တိုင်ရဲ့ ရန်သူတော်တွေတဲ့လား၊ မိန်းမသားဆိုတာ ငြိမ်းချမ်းရေး အဖြည့်ခံလား၊ မိန်းမသားဆိုတာ လူသားမဟုတ်ဘူးတဲ့လား … စတဲ့ ခေါင်းစဉ်တွေနဲ့ မိန်းမသားတွေအတွက် ရေးသားထားတဲ့ ဆောင်းပါးရှည်စာအုပ်ဖြစ်ပါတယ်။