သောကခြေရာရတနာကဗျာများ
မောင်စိန်၀င်း(ပုတီးကုန်း)
5000 က်ပ္
စာရေးသူ - မောင်စိန်ဝင်း(ပုတီးကုန်း)
စာမျက်နှာ - ၂၉၇
မြန်မာကဗျာလောကမှာ အကြိမ်ကြိမ် ပုံနှိပ်ထုတ်ဝေရတဲ့ ကဗျာစာအုပ်။ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ အအောင်မြင်ဆုံး ရတနာ။ ဒါကတော့ သောကခြေရာ ရ�
��နာ ကဗျာများပဲ ဖြစ်ပါတယ်။ သောကခြေရာကို ယခုဆိုရင် (၁၃)ကြိမ်မြောက်အဖြစ် အရိန္ဒမာစာပေကနေ (၂၀၁၉) မတ်လမှာ ကဗျာချစ်သူ ပရိသတ်တွေ လက်ထဲ ပေးပို့လိုက်ပြန်ပါပြီ။ အောင်မြင်ကျော်ကြားပြီးသား ကဗျာတွေဖြစ်ပေမယ့် ဘယ်အချိန် ပြန်ဖတ်ဖတ် နှလုံးသားကို နင့်ရှလှိုက်မောစေပါဦးမယ်။
‘တိတ်တခိုး’
ပွင့်လျှင်လည်း နမ်း၊
နွမ်းလျှင်လည်း ကောက်၊
ခြောက်လျှင်လည်း သိမ်း၊
တိမ်းညွှတ် တွယ်မက်၊
သည်တစ်သက်မှာ၊
တစ်ပွင့်သာလေ၊
စွဲလမ်းနေမည်၊
ဝေေ၀ကြွေကြွေ မြတ်နိုး၏’ …
သည်လို အချစ်ကဗျာများစွာ ပါဝင်သလို …
‘သတ္တိ သစ္စာ ဘယ်ဟာမှ စံမဝင်
သဏ္ဌာန်ဆင်ရုံလေးနဲ့
သွေးကြွလို့ မြောက်ပေမယ့်
(တကယ်တော့)
ခွေးဘဝလောက် ဂုဏ်မရှိ။’
ဆိုတဲ့ ခွေးခြင်္သေ့ ကဗျာလို ထိမိတဲ့ ကလောင်သွား။
အပိုင်း (၅)ပိုင်းနဲ့ ဖွဲ့စည်းထားတဲ့ ‘သောကခြေရာ ရတနာ ကဗျာများ’ စာအုပ်ထဲမှာ ရသဝေဒနာ အဖုံဖုံ ခံစားရမယ့် ကဗျာများစွာ ပါဝင်ပါတယ်။ အခါခါ ဖတ်ပြီးပေမယ့် သိမ်းထားချင်လို့ပဲ ဖြစ်ဖြစ်၊ မဖတ်ရသေးလို့ပဲ ဖြစ်ဖြစ်၊ ဘယ်တော့ဖြစ်ဖြစ်၊ သောကခြေရာကတော့ သစ်နေဦးမှာပါပဲ။