တရုတ် မြန်မာနယ်စပ်မူးယစ်ဆေးဝါးကွန်ယက်
နိုင်ဦး
2500 က်ပ္
စာရေးသူ - နိုင်ဦး
စာမျက်နှာ - ၁၀၃
တရုတ်-မြန်မာ နယ်ခြား မူးယစ်ဆေးဝါး ရောင်းဝယ်မှုများနဲ့ ပတ်သက်လို့ (၂)နှစ်ကြာ ကွင်းဆင်းလေ့လာမှုများမှ ရှာဖွေတွေ့ရှိချက်တွေကို ပြန်လည်တင်ပြတဲ့ သုတေသနစာတမ်�
�� ဖြစ်ပါတယ်။ အဆိုပါ ကွင်းဆင်းလေ့လာမှုအတွင်း ဥပဒေဘက်တော်သား အစိုးရ အရာရှိများ၊ ကွန်မြူနတီ အဆက်အသွယ်များ၊ သတင်းပေးများ၊ အဖမ်းဆီး ခံနေရသော မူးယစ်ဆေးဝါး ရောင်းဝယ်သူများ၊ မူးယစ်ဆေးစွဲသူများ၊ မူးယစ်ဆေးဝါးများကို လက်လီ ရောင်းချနေသူများ၊ အများအားဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှုနဲ့ ပတ်သက်ပြီး အကျိုးပြု လေ့လာနေတဲ့ သုတေသန ပညာရှင်များနဲ့ တွေ့ဆုံ မေးမြန်းမှုများ ပါဝင်ပါတယ်။ ဒါ့အပြင် စာရေးသူဟာ ဒီသုတေသနစာတမ်းနဲ့ ပတ်သက်လို့ လက်တွေ့စူးစမ်းလေ့လာမှုတွေကို ရွှေတြိဂံနယ်မြေအတွင်းနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ဆောင်ရွက်ခဲ့တယ်လို့ အမှာစာမှာ ဆိုထားပါတယ်။ ဒီစာအုပ်ကို အိပ်မက်အသစ်စာပေကနေ (၂၀၁၉)ခုနှစ် မတ်လမှာ ပထမအကြိမ် ထုတ်ဝေလိုက်ခြင်း ဖြစ်ပါတယ်။