စာရေးသူ - ယောဂီဦးတင်
စာမျက်နှာ - ၅၀
မုံရွေးစာအုပ်တိုက်ထုတ် စာအုပ်အသစ်တစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ယောဂီဦးတင်ရဲ့ ‘နိဗ္ဗာန်နှင့် လောကဓာတ်’ ဆိုတဲ့ စာအုပ်လေးပါ။ မြဝင်း(ဒဿန)ရဲ့ မိတ်ဆက်စ�
�ား၊ မြင့်သန်းရဲ့ အမှာစကားတို့နဲ့ အတူ ဖတ်ရှုကြရမှာပဲ ဖြစ်ပါတယ်။
‘ဗုဒ္ဓ ဓမ္မ လေ့လာရေးအဖွဲ့ဆိုတာ ရှိခဲ့ဖူးတယ်။ မြင့်သန်းရဲ့ ဖခင်ကြီး ယောဂီဦးတင်တို့တတွေ ဆွေးနွေးခဲ့ကြတာက (၁၉၅၀-၆၀) နှစ်တွေတုန်းကပဲ။ ကိုယ့်အကြောင်း ကိုယ်သိအောင်၊ ကိုယ့်အယူ ကိုယ်သိအောင်တဲ့၊ ဟိုတုန်းက ဝိုင်းဝန်းဆွေးနွေးနိုင်ခဲ့ကြတယ်။ ယခုစာအုပ် … နိဗ္ဗာန်နှင့် လောကဓာတ် စာအုပ်ဟာ ဆွေးနွေးပွဲရဲ့ ရလဒ်ပ။ စာအုပ်ကို လူသူလေးပါး အမြောက်အမြား ဖတ်ကြတယ်လို့ ဆိုတယ်’ (မြင့်သန်းရဲ့ အမှာစကား … မှ)
ဗုဒ္ဓဘာသာရဲ့ ပင်မဦးတည်ချက်ဖြစ်တဲ့ နိဗ္ဗာန်သဘောကို နားလည်လွယ်အောင် ရှင်းပြထားတဲ့ ကျမ်းငယ်လို့ ပြောနိုင်တဲ့ ဒီစာအုပ်ကလည်း ဘာသာရေးကို လေ့လာလိုက်စားသူတွေအတွက် ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။