‘အချစ်နှင့် စိတ်’
စာရေးသူ - နိုင်းနိုင်းစနေ
စာမျက်နှာ - ၂၂၆
တရုတ်စိတ်ပညာ စာရေးဆရာမ Xiao Yubing ရေးသားထားတဲ့ "အချစ်၊ အိမ်ထောင်ရေး အမျိုးသမီးတစ်သက် သင်ယူရတဲ့အရာ" ဆိုတဲ့ စာအုပ်ကို နိုင်းနိုင်းစနေ ဘ
ာသာပြန်ထားတာ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ အချစ်၊ အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ စိတ်ပညာရှုထောင့်တွေကို စိတ်ဝင်စားဖွယ် တကယ့်အတွေ့အကြုံတွေနဲ့ တင်ပြထားတာကို ဖတ်ရှုရမှာပါ။ ဒီစာအုပ်က ဆရာမ နိုင်းနိုင်းစနေရဲ့ (၃၃)အုပ်မြောက် လက်ရာ စာအုပ်သစ်ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်မှာတော့ အဓိက အပိုင်းကြီး (၂)ပိုင်း ပါဝင်ပြီး တစ်ပိုင်းချင်းစီအလိုက် ခေါင်းစဉ်ငယ်များနဲ့ ဖွဲ့စည်းထားပါတယ်။ အပိုင်း(၁)မှာတော့ … (၁) အချစ်ဦးက ကျွန်မရဲ့ အိမ်ထောင်ရေးလမ်းပေါ်မှာ ပွင့်နေတဲ့ အဆိပ်ပန်း၊ (၂) အချစ်ဟောင်းရဲ့ ဒဏ်ရာကို အချစ်သစ်နဲ့ ကုသမယ်၊ (၃) ချစ်ကံခေတာ ချစ်ဒဏ်ရာကို မပထုတ်နိုင်ခဲ့လို့ပါ၊ (၄) အချစ်ရဲ့ ကျေးကျွန်အဖြစ် ခံယူပြီး အချစ်စက်ကွင်းက ရုန်းမထွက်နိုင်သူ၊ (၅) လှေနံနှစ်ဖက်နင်းတာမို့ အချစ်က မတည်ငြိမ်ဘဲ ယိမ်းယိုင်တယ်၊ (၆) ချစ်စိတ်မွှန်နေတဲ့ ကျွန်မအချစ်ကို သူမခံနိုင်ဘူး၊ (၇) အချစ် ပြန်ပေးဆွဲသမား ကြောင့် အချစ်က ချစ်လေ နာကျင်လေ၊ (၈) ကလေးဆန်တဲ့ အချစ်ရောဂါ … စတဲ့ အခန်းငယ်တွေ ပါဝင်ပြီး အပိုင်း (၂)မှာလည်း (၁) ပင်မြင့်ပန်းကို လိုချင်ပေမယ့် လှမ်းလို့ရယ်က မမီ၊ (၂) ပြန်ဆုံချိန် ကျွန်မ ရှောင်ဖယ်မနေတော့ပါ၊ (၃) သံသယလွန်ကဲစိတ်ကြောင့် ကြာလေ အထီးကျန်လေ၊ (၄) လိင်ကွဲကို ကြောက်တဲ့စိတ် (သို့) ရင်ထဲက နာကျင်မှုကို ဘယ်သူလာလို့ နှစ်သိမ့်ပါ့မယ်၊ (၅) ကျရှုံးမှာ အောင်မြင်မှာ ကြောက်လို့ ကျွန်မရဲ့အချစ်က ဗလာဖြစ်ခဲ့ရတယ်၊ (၆) စိတ်ကူးကမ္ဘာထဲက အချစ်က တကယ့်လက်တွေ့အချစ်ထက် လှတယ်၊ (၇) အလုပ်အကိုင်က အချစ်ရဲ့ သားသတ်သမား၊ (၈) အချစ်ဆိုတာ အဆုံးအစမဲ့တဲ့ လိုက်လံဖမ်းဆုပ်ခြင်းပါ … ဆိုတဲ့ ခေါင်းစဉ်နဲ့ အခန်းတွေ ပါဝင်ပါတယ်။ ကဲ … ဖတ်ကြည့်ကြပါဦး စာချစ်သူတို့ရေ။