‘Project Management Professional (PMP) သင်တန်းတက်ရောက်ရန် အချိန်မပေးနိုင်သေးသော သူများအတွက် Project Management နှင့် ပတ်သက်ပြီး လိုအပ်သည်များကို မျှဝေလိုခြင်း၊ PMI Project Management Professional (USA) နှင့် Prince 2 Project Management (UK) ကို မြန်မာဘာသာဖြင့် ထုတ်ဝေလ
ိုသည်ခြင်း ရည်ရွယ်ချက်များဖြင့် ဤစာအုပ်ကို ရေးသားပြုစုပါသည်’ လို့ ဒီစာအုပ်ကို ရေးသားပြုစုတဲ့ KO ZAR NI (Project Management) က အမှာစာမှာ ဆိုထားပါတယ်။ ဒီစာအုပ်ထဲမှာတော့ နားလည်သဘောပေါက် မှတ်မိလွယ်စေမယ့် Project Management Template ကို ထည့်သွင်းထားခြင်းနဲ့ စာဖတ်မပျင်းစေအောင် ရုပ်ပုံလေးများ ထည့်သွင်းထားပြီး စံနှုန်းပြည့်မီစေရန်အတွက် နိုင်ငံနဲ့အဝှမ်း သုံးစွဲနေကြတဲ့ USA အခြေစိုက် Project Management Institute မှ ထုတ်ဝေထားတဲ့ Project Management Professional Guide Book 6th Edition ထဲမှ အဓိကကျတဲ့ အချက်တွေကိုလည်း ထုတ်နှုတ်ရေးသားထားပါတယ်။ နောက်တစ်ခုက စာအုပ်က နှစ်အုပ်အတွဲဖြစ်ပြီး နှစ်အုပ်အတွဲကို ၁၂၅၀၀ ကျပ် ဖြစ်သလို၊ DVD အခွေကိုလည်း သီးသန့်ဝယ်ယူမယ် ဆိုရင်တော့ တစ်ခွေ ၁၀၀၀၀ ကျပ် ကျသင့်ပါမယ်။ စာအုပ်သီးသန့်ပဲ မှာယူယူ၊ DVD သီးသန့်ပဲ မှာယူယူ၊ စာအုပ်ရော DVD ပါ အတွဲလိုက် မှာယူယူ၊ အဆင်ပြေသလို မှာယူနိုင်ပါတယ်။ စာအုပ်နဲ့ DVD မှာ ပါဝင်တဲ့ အချက်အလက်တွေက သီးသန့်စီ ဖြစ်ပါတယ်ခင်ဗျ။