သေမင်းတမန်လမ်းမပေါ်က စစ်သားတစ်ယောက်
ငွေစိုး
4500 က်ပ္
စစ်သား စာရေးဆရာ ငွေစိုးရဲ့ (၃)အုပ်မြောက် စာအုပ်ဖြစ်ပြီး ဒီစာအုပ်မှာ ဆရာငွေစိုးအနေနဲ့ သူ့ စစ်သားဘ၀ အတွေ့အကြုံတွေကို အပိုင်း(၃)ပိုင်းနဲ့ ဖော်ပြပေးထားကို တွေ့ရပါတယ် ။ ပထမပိုင်းမှာ ယိုးဒယား�
�ပ်တွေနဲ့ သူရင်ဆိုင် တွေ့ကြုံခဲ့တာတွေကို ရေးသားထားရာ နယ်စပ်စခန်းတစ်ခုမှာ သူတာဝန်ကျစဉ် ထိုင်းတပ်က သူ့ကို အချက်မပြ၊ ဘာမပြနဲ့ ဝင်ရောက်လာခဲ့တာတွေကို သူနဲ့ သူ့ရဲဘော်တွေက သတ်ကွင်းထဲ သွင်းပြီး ထိုင်းတွေအားလုံးကို ပစ်သတ်လုဆဲဆဲကို ဖော်ပြသွားပုံဟာ သဲထိတ်ရင်ဖို့စရာ ကောင်းလှပါတယ်။ နောက်တော့ ထိုင်းတပ်တွေ ဖြစ်နေလို့ သူ စိတ်လျှော့ လိုက်ပြီး ထိုင်းတပ်တွေကို အိမ်ရှင်တစ်ယောက်ပီသစွာနဲ့ လက်ခံစကား ပြောရင်း သတင်းတွေ နှိုက်ယူခဲ့တယ် ။ စကားပြောကြရင်း တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်သတင်းယူကြရင်း သူ့ကို အရပ်ပုတယ်လို့ ထိုင်းတစ်ယောက်က ပြောတာကို ကြားပြီး လက်ဝှေ့သတ်ကြရန် စိန်ခေါ်မှုဖြစ်ပွားခဲ့တာလည်း ဖော်ပြထားတယ် ။ နောက် ယိုးဒယားစာစုတွေမှာတော့ စိုင်းနော်ခမ်းရဲ့ မူးယစ်ဆေးဝါးချက် လုပ်ရာ ရွာပုန်းတစ်ရွာကို သွားရောက်ရှင်းလင်းရင်း စစ်ကြောင်းအပြန်မှာ နှစ်ဘက်နိုင်ငံ နယ်စပ်လမ်းက ဖြတ်လို့ ဆိုပြီး သူ့စစ်ကြောင်းနားနေခိုက်မှာ ထိုင်းတပ်ဖွဲ့အစုံစုံက ဝိုင်းဝန်းပိတ်ဆို့ထားမှုကို စိန်ပြောင်းအတုများ လျှပ်တပြက် ဖန်းတီးပြီး ပစ်မယ် ခတ်မယ်လုပ်တော့ ထိုင်းတပ်တွေ ပြိုကွဲသွားပုံ၊ သူ့တပ် နှစ်ဖက် နယ်စပ်လမ်းကြောင်းက ဖြတ်သန်းသွားတာကို ထိုင်းနိုင်ငံက သူတို့နိုင်ငံထဲကို ဗမာ့တပ်မတော်က ကျူးကျော် ဝင်ရောက်လာပါတယ် လို့ BBC VOA RFA တို့မှာ စွပ်စွဲခံရတာတွေလည်း ရေးသား ဖော်ပြထားပါတယ်။ နောက်တစ်ခါ မြန်မာဖက်က အရပ်သားဝန်ထမ်း (ပေါ်တာ) လေးဦး ထိုင်းဖက်ကို ထွက်ပြေးသွားတာနဲ့ ပတ်သက်ပြီး အသာတကြည် ပြန်တောင်းတာကို ထိုင်းတပ်တွေက ပြန်မပေးတာကြောင့် သူတို့ ထိုင်းစက်လှေတွေကို ပစ်မယ်လို့ ခြိမ်းခြောက်လိုက်မှ ပေါ်တာတွေကို ပြန်ရခဲ့ကြောင်း ဖတ်ရတော့ အံ့သြစရာဖြစ်ရပါတယ်။ ဒုတိယအပိုင်းမှာ သူ့စစ်သားဘဝမှာ ''ဝ'' လက်နက်ကိုင် တပ်တွေနဲ့ တွေ့ကြုံ ရင်ဆိုင်ခဲ့ရတာတွေကို ဖော်ပြထားပါတယ် ။ ၀ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေရဲ့ အရိုင်းအစိုင်း အပြုအမူတွေကြောင့် ဒေသခံ တိုင်းရင်းသားတွေ အတိဒုက္ခရောက်ခဲ့ရပုံများနဲ့ သူဟာ တိုင်းရင်းသားတွေရှေ့မှာ မားမားမတ်မတ် ရပ်တည်ဝံ့တဲ့ မြန်မာစစ်သားတစ်ဦးဖြစ်တယ်ဆိုတာလည်း တွေ့မြင်ရနိုင်ပါတယ် ။ တတိယပိုင်းမှာတော့ သူ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ တာဝန်ကျခဲ့စဉ်က အဲ့ဒီစစ်ဆင်ရေးနယ်မြေတွေမှာ အဆိုးဝါးဆုံး စစ်ဆင်ရေးဖြစ်တဲ့ ထီးထ - စောထ စစ်ဆင်ရေးနယ်မြေရဲ့ ကြမ်းတမ်းမှု၊ ရန်သူရဲ့ တန်ပြန် မိုင်းထောင် တိုက်ခိုက်တဲ့ ထူးခြားဖြစ်စဉ်တွေ၊ သူနဲ့ ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ အပြန်အလှန် လေးစားမှုတွေ၊ သူ့တပ်ကို ရန်သူက မဖြစ်မနေ တိုက်ကွက်ဖော်မှာကို သိလျက်နဲ့ တာဝန်ယူ တာဝန်ခံရဲတဲ့ စစ်သားတစ်ဦးအနေနဲ့ ပွိုင့်တပ်ခွဲအဖြစ် ဆက်တိုက် သွားပုံတွေ၊ သူ့ကို ဆွဲမိုင်း ဆွဲခံရပုံတွေ... (စသဖြင့်) အသေးစိပ် ဖော်ကျူး ရေးသားသွားတာတွေ ကိုလည်း အသည်းတထိတ်ထိတ်နဲ့ ဖတ်ရှုရမှာဖြစ် ပါတယ်။ ဒီစာအုပ်မှာ ဦးကိုကိုကြီး(၈၈ ကျောင်းသားဟောင်း)က သူ့ကို ''စစ်သားစစ်စစ်'' ဟု လည်းကောင်း၊ ဆရာအောင်မြင်သူက ''စစ်တိုက်ခဲ့တဲ့ စစ်သားစာရေးဆရာ'' ဟူ၍ လည်းကောင်း အသီးသီး အမှာစာများ ရေးသား ပေးထားကြပါတယ်။
ငွေစိုး စာအုပ္မ်ား
chevron_right
Privacy Policy