စာရေးသူ - ဦးလွင်အောင် (မဟာဝိဇ္ဇာ)
စာမျက်နှာ - ၁၃၀
ဦးလွင်အောင် (မဟာဝိဇ္ဇာ) ပြုစုရေးသားတဲ့ ဓမ္မစာစုများ အမှတ် - ၁ ဖြစ်ပါတယ်။
‘သံသရာဘေးကို စိုးရိမ်ကြောက်လန့်သဖြင့် ဝိပဿနာ အလုပ်ပေးတရားများကို
နာကြားခြင်း၊ ကမ္မဋ္ဌာန်း ကျောင်းများတွင် တရားထိုင်ခြင်း၊ နေအိမ်တွင် တရားထိုင်ခြင်း စသည်ဖြင့် တတ်စွမ်းသရွေ့ အားထုတ်ခဲ့ရာမှ ခင်မင်ရင်းနှီးသူများ၊ ဆွေမျိုးဉာတကာများ၊ မိသားစုများအား မိမိကဲ့သို့ သံသရာဘေးကို ကြောက်လန့်စိတ်များ ဖြစ်ပေါ်လာစေရန်၊ ဝိပဿနာ တရားအားထုတ်လိုစိတ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဤစာစုများကို ရေးသားခဲ့ခြင်း ဖြစ်ပါသည်’ လို့ ဦးလွင်အောင် (မဟာဝိဇ္ဇာ)က အမှာစာမှာ ဖော်ပြထားပါတယ်။ ဒီစာအုပ်ထဲမှာ ဘာသာရေးဆိုင်ရာ ဓမ္မစာစုပေါင်း (၄၀)ပါဝင်ပါတယ်။