(၂၀၁၉) ဖေဖော်ဝါရီ - မတ် အတွက် ချင်းတွင်းမဂ္ဂဇင်း အမှတ် (၈၈) ထွက်ရှိလာပါပြီ။ သည်လထုတ်မှာတော့ ကဗျာကဏ္ဍအနေနဲ့ ညိုမြရဲ့ ဖိုဝင်တောင်၊ မောင်လင်းကြည်ရဲ့ ဟင်းရွက်ပေါပြီ စုံမြိုင်ကျေး၊ မောင်အောင်ပ�
��င့်ရဲ့ အသက်ဘူး၊ မြင့်မိုးအောင်ရဲ့ လေးနဲ့စောင်း၊ နေမျိုးရဲ့ ရှေးအဘိုးကြီးများ၊ အိုင်းဒီးရဲ့ ကွာလာလမ်ပူအိပ်မက် ကဗျာတွေကို ဖတ်ရှုရမှာဖြစ်ပြီး ကိုတာရဲ့ ယဉ်တဲ့အမျိုးသားရေးဝါဒ ကိုတော့ နှစ်ပါးသွားကဏ္ဍမှာ ဖတ်ရှုကြရမှာပါ။ ဆောင်းပါးကဏ္ဍအနေနဲ့တော့ ဒေါက်တာတင်အောင်၊ ဂျူးနဲ့ မြင့်သန်းတို့ရဲ့ ဆောင်းပါးတွေ၊ ယဉ်ကျေးမှုကဏ္ဍအနေနဲ့ မြဝင်း (ဒဿန) ရေးတဲ့ တောကျေးလက်က မင်္ဂလာလက်ထပ်ပွဲမှာ မင်္ဂလာစကား ပြောခဲ့ရသည်၊ မှတ်စုအနေနဲ့ကတော့ မောင်အောင်ပွင့်နဲ့ ဘသန်း (ဓမ္မိက) တို့ရဲ့ မှတ်စုတွေ၊ သိပ္ပံကဏ္ဍမှာ မောင်မြတ်ထင်ရဲ့ ရုပ်ကိုဉာဏ်အဖြစ်သို့ ပြောင်းခြင်း၊ ရသစာတမ်းမှာတော့ ဂျူးရဲ့ မြစ်နဲ့ရေ၊ နေမျိုးရဲ့ ရှည်လျားတဲ့ နေ့ရက်တွေကို ဖတ်ကြရမှာဖြစ်ပါတယ်။ ဝတ္ထုကဏ္ဍမှာတော့ ကေးရဲ့ နွံ၊ စောလူရဲ့ မာရ်နတ်နှင့် ခရီးသွားခြင်း၊ ဘာသာပြန်ဝတ္ထုမှာတော့ ဘသန်း (ဓမ္မိက)ရဲ့ ဒဿနဆောင် ပုံဝတ္ထုများ၊ ဘာသာပြန်စာအုပ်မှာတော့ သင့်လူရဲ့ လွဲမှားစွာ နားလည်ခြင်း၊ ဖတ်စရာစာအုပ်တွေ ကဏ္ဍမှာတော့ ဉာဏ်သာဇော်ရဲ့ စာအုပ်သတင်းနှင့် မှတ်ချက်များ၊ အထူးကဏ္ဍအနေနနဲ့ Frank Tashlin ရဲ့ The Bear That Wasn’t ကို ဖတ်ရှုကြရမှာပါ။