တတိယမြစ်ကမ်းပါး နှင့် နိုင်ငံတကာ၀တ္ထုတိုများ
မြသန်းတင့်
5000 က်ပ္
ဆရာမြသန်းတင့်ရဲ့ ရှားပါး နိုင်ငံတကာဝတ္ထုတို စုစည်းမှု ဒုတိယအုပ်အဖြစ် သတ်မှတ်နိုင်တဲ့ “တတိယ မြစ်ကမ်းပါး နှင့် နိုင်ငံတကာ ဝတ္ထုတိုများ” စာအုပ်သစ်ကို ဓားတောင်စာပေကနေ ပထမအကြိမ်အဖြစ် ထုတ်�
�ေလိုက်ပါတယ်။ ဆရာမြသန်းတင့်ရဲ့ လက်ရာ ဘာသာပြန်စာမူများထဲက ‘ဂူအောင်းခေတ် ဇနီးသို့ ပေးစာ နှင့် နိုင်ငံတကာဝတ္ထုတိုများ’ ဆိုပြီး ပထမအုပ်အဖြစ် ၂၀၁၂ ခုနှစ်က ဓားတောင်စာပေကနေ ထုတ်ဝေခဲ့ပြီးပါပြီ။ ယခု ဒုတိယစုစည်းမှုအဖြစ် လစဉ်မဂ္ဂဇင်းအချို့၊ မြို့နယ်မဂ္ဂဇင်း၊ ဌာနဆိုင်ရာ မဂ္ဂဇင်း၊ မုံရွာကောလိပ်မဂ္ဂဇင်း၊ မန္တလေး ရထားအလုပ်သမား စာကြည့်အသင်းမဂ္ဂဇင်း၊ လုလင်အမျိုးသားမဂ္ဂဇင်း စတဲ့ အမှတ်တရ မဂ္ဂဇင်းတွေမှာ ပုံနှိပ်ဖော်ပြခဲ့ဖူးတဲ့ ဆရာ့လက်ရာဟောင်းတွေကို ပြန်လည်စုစည်းထားသလို၊ တစ်ပုဒ်တည်း သီးသန့်ကျန်ရှိနေတဲ့ ဇာတ်နိမ့်သူ မဂ္ဂဇင်းဝတ္ထုရှည်ကိုလည်း ဒီစာအုပ်ထဲမှာပဲ ပေါင်းစည်းထည့်သွင်းဖော်ပြထားပါတယ်။ ဒီစာအုပ်ထဲမှာတော့ ဆရာမြသန်းတင့်ရဲ့ ဘာသာပြန်လက်ရာ နိုင်ငံတကာ ဝတ္ထုတို (၂၈)ပုဒ် ပါဝင်တာမို့ စာချစ်သူမိတ်ဆွေများအနေနဲ့ အားပါးတရ ဖတ်ရှုကြရမှာပါ။