ဆရာမ ပုညခင်ရဲ့ ယခင်လက်ရာဟောင်းဖြစ်တဲ့ ‘နှင်းဒဏ္ဍာရီ’ ကို ပုညခင်စာအုပ်တိုက်ကနေ ဒုတိယအကြိမ် ထပ်မံထုတ်ဝေလိုက်ပါတယ်။ တစ်ချိန်က တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်ဘာသာအဖြစ် ပြဋ္ဌာန်းခဲ့ဖူးတဲ့ စာရ�
��းဆရာမ အမ်မလီဘရွန်တီရဲ့ Wuthering Heights ဝတ္ထုကို ဇာတ်ကျောရိုးယူ မှီငြမ်းဆင့်ပွားခံစားကာ မြန်မာမှုပြု ရေးဖွဲ့ထားတဲ့ဝတ္ထုပါလို့လည်း ဆရာမ ပုညခင်က အမှာစာမှာ ဝန်ခံမှတ်တမ်းတင်ထားပါတယ်။ စစ်မင်း၊ မုန်တိုင်းနဲ့ ရှင်ဘုန်းဖြူတို့ကို အဓိက ဇာတ်ကောင်ပြုလို့ ကလောမြို့ နောက်ခံနဲ့ ရေးဖွဲ့ထားတဲ့ ဝတ္ထုရှည်တစ်ပုဒ်ပါ။