ဒေါက်တာထွန်းလွင်ခေါ် မောင်ထွန်းလွင် (မိုးလေဝသ) ရေးသားတဲ့ အက်ဆေးတွေကို စုစည်းထုတ်ဝေထားတာပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာတော့ မိုးလေဝသနဲ့ ပတ်သက်တဲ့ ဆောင်းပါး အက်ဆေးပေါင်း ၃၈ ပုဒ် ပါဝင်ပါတယ်။
‘ရေရဲ့ အစွန်းတရားရောက်မှုဟာ (၂)မျိုးပါပဲ။ တစ်ဖက်စွန်းကတော့ ရေတွေ ရှားလာပြီး မိုးခေါင်မှုတွေ အဖြစ်များလာတာပဲ။ နောက်အစွန်းတစ်ခုကတော့ ရေတွေများလာပြီး ရေကြီးရေလျံမှုတွေ ဖြစ်တာ များလာတာ ဖြစ်ပါတယ်။ အခုတော့ မြန်မာနိုင်ငံဟာ (၂)မျိုးလုံးရဲ့ ခြိမ်းခြောက်မှုကို ခံလာရပြီ’
လမင်းကြီးကို အားနာလိုက်တာနှင့် အခြားအက်ဆေးများ ဆိုတဲ့ ဒီစာအုပ်ကို ခြူးခြူးစာအုပ်တိုက်ကနေ ထုတ်ဝေထားခြင်း ဖြစ်ပါတယ်။