သရုပ်ဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ စမိုင်းလ်ရဲ့ စာအုပ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိုအေစစ်မီဒီယာက ထုတ်ဝေလိုက်တဲ့ ဒီစာအုပ်ကတော့ ပေါင်နှစ်ရာကျော်အထိ ဝခဲ့တဲ့ ခန္ဓာကိုယ်ကို သွယ်လျကျစ်လစ်တဲ့ �
�ခြေအနေဖြစ်အောင် ပြုပြင်လုပ်ဆောင်ခဲ့တဲ့ စမိုင်းလ်ရဲ့ အတွေ့အကြုံ၊ စိတ်ဓာတ်၊ ဇွဲလုံ့လတွေအကြောင်း ကြွေစက္ကူအချောသား၊ သပ်ရပ်တဲ့အပြင်အဆင်၊ ဓာတ်ပုံမှတ်တမ်းဝေေ၀ဆာဆာနဲ့ ထုတ်ဝေထားပါတယ်။
‘ဒီစာအုပ်လေးကို ဖတ်ပြီးသွားရင် စမိုင်းလ် ဘယ်လိုအတွေ့အကြုံမျိုးတွေ ဖြတ်သန်းခဲ့ရလဲဆိုတာ နားလည်မယ်။ ပြီးတော့ ဒီစာအုပ်လေးက စမိုင်းလ်တို့လို တိုက်ပွဲဝင်နေတဲ့ တစ်ယောက်သောသူတွေကို ကူညီနိုင်မယ်ဆိုရင် ဒါဟာ အရမ်းကို ပီတိဖြစ်ရမှာပါ’ လို့ စမိုင်းလ်က ဆိုထားပါတယ်။ စာချစ်သူတိုင်းအတွက် အကျိုးမရှိဘူးဆိုရင်တောင် ဒီစာအုပ်ကတော့ ခန္ဓာကိုယ် အနေအထား ပြုပြင်လိုတဲ့ သူတွေအတွက်တော့ အမှန်တကယ် အထောက်အပံ့ဖြစ်စေနိုင်မှာပါ။