မသိနားမလည်မှု၏ အသီးအပွင့်များ
ကလောင်စုံ
1800 က်ပ္
စာရေးဆရာ၊ ဆရာမတွေဖြစ်တဲ့ မင်းဝေဟင်၊ မောင်နှင်းပန်း၊ ချမ်းထက်ဟန်၊ ထွန်းတောက်ထွဋ်(သင်္ချာ)၊ ညီငယ်လေး၊ မြေမှုန်လွင်၊ အောင်လင်းသစ်၊ ချောအိမာန်(မန္တလေး)၊ ငွေဇင်ယော်ဦး(မိုးကုတ်)၊ အဖြူရောင် (ရွ
ှေ)၊ ဝေ(စီးပွားရေး တက္ကသိုလ်)၊ ခင်သန္တာ၊ စံပယ်ဖြူနု၊ ယုယ၊ လင်းစက်နွယ်တို့ရဲ့ ဝတ္ထုတို (၁၅)ပုဒ်ကို စုစည်းထုတ်ဝေထားတာပဲ ဖြစ်ပါတယ်။
‘ခေတ်အဆက်ဆက်၊ ခံစားချက် အဖုံဖုံ၊ ရင်ခုန်သံ အစုံစုံတို့ဖြင့် အချစ်ကို ထိတွေ့ခဲ့ကြသည်။ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုဖို့ ကြိုးစားခဲ့ကြသည်။ သိမ်မွေ့ခြင်း၊ ပူလောင်ခြင်း၊ ရူးသွပ်ခြင်း၊ ရဲရင့်ခြင်း၊ ရယူခြင်း၊ ပေးဆပ်ခြင်း၊ အချစ်ဆိုတာ ချစ်နေခြင်း … စသည် စသည်ဖြင့် … ပင်လိုပင် အဓိပ္ပာယ်ဖွင့်ဖွင့်၊ ဘယ်အခြေအနေပဲဖြစ်ဖြစ်၊ ဘယ်အချိန်တွေပဲ ရောက်ရောက် ချစ်ခဲ့ကြသည်။ ချစ်နေကြသည်။ ချစ်ကြဦးမည်သာ … အချစ်ဆိုတာ’
ဒီလို အညွှန်းလေးနဲ့ ဖွင့်ဆိုထားတဲ့ အချစ်ဝတ္ထုတိုတွေကို ဖတ်ရှုခံစားကြည့်ကြပါဦးနော်။