သရပါမဂ္ဂဇင်းမှာ လူငယ်တွေအတွက် ရည်ရွယ်ရေးဖွဲ့ခဲ့တဲ့ ဆရာမောင်ခင်မင်(ဓနုဖြူ)ရဲ့ မြန်မာစကားအပြောအဆိုဆိုင်ရာ ဆောင်းပါးတွေကို စုစည်းထားတဲ့ စာအုပ်ဖြစ်ပါတယ်။
‘သရပါတွင် အထူးသဖြင့် ယနေ့လူငယ်�
�ျား၏ မြန်မာစကားအပြောအဆိုနှင့် ပတ်သက်၍ သတိမူမိသော အချက်များကို အပြုသဘော ရည်ရွယ်ချက်ဖြင့် ရေးသားခြင်း ဖြစ်ပါသည်။ ကိုယ်တွေ့ ကြားရကြုံရသော အပြောအဆိုများကို အဓိကအားဖြင့် သာဓက ဆောင်ထားပါသည်။ ဆက်စပ်နှီးနွယ်ရာ စာတွေ့သာဓကများလည်း ပါဝင်ပါသည်။ လူမှုဆက်ဆံရေးတွင် အပြောအဆို၏ အခန်းကဏ္ဍကို တစေ့တစောင်း ဖော်ညွှန်းခြင်း ဖြစ်ပါသည်’ လို့ ဒီစာအုပ်ရဲ့ အမှာစာမှာ ဆရာက ရေးထားပါတယ်။ လူငယ်တွေအတွက် အကျိုးရှိစေမယ့် ဆောင်းပါးတွေမို့ ဖတ်ကြည့်ကြစေချင်ပါတယ်။