‘မြန်မာစာပေကို လေ့လာနေကြသော စာပေဝါသနာရှင်များနှင့် အထူးသဖြင့် … မြန်မာစာပေအကြောင်း သိလိုကြသော လူငယ်များအတွက် ရည်ရွယ်ပါသည်’ ဆိုတဲ့ အမှာနဲ့ ဒီစာအုပ်ကတော့ မြန်မာစာပေအတွက် အဖိုးတန်စာအုပ�
�တစ်အုပ်ပါပဲ။ ရတနာပုံသတင်းစာမှာ ရေးသားခဲ့တဲ့ ဆောင်းပါးတွေထဲက ဆရာနဲ့ကျောင်းသားတွေ ဝိုင်းဖွဲ့ပြောဆိုဆွေးနွေးတဲ့ပုံစံနဲ့ ပေါ့ပေါ့ပါးပါး ရေးသားထားတဲ့ ဆောင်းပါးတွေကို စုစည်းထားတာပဲ ဖြစ်ပါတယ်။ စာပေလေ့လာမှုနယ်ပယ်၊ အလေ့လာခံ စာပေများ၊ စာဆိုဆိုင်ရာ ပြဿနာများကနေ ရှေးခေတ်စာပေတွေဖြစ်တဲ့ ဗုဒ္ဓစာပေဝတ္ထုများ၊ ပျို့ကဗျာများ၊ မျက်မှောက်ခေတ်စာပေများဖြစ်တဲ့ ဝတ္ထု၊ ရသစာပေ စတဲ့ စာပေအမျိုးအစား အစုံကို သောင်းပြောင်းထွေလာ ပြောဆိုဆွေးနွေးကြဟန် ရေးသားထားတဲ့ ဆောင်းပါးကောင်းတွေကို ဖတ်ရှုလေ့လာကြပါစို့နော်။