မန္တလေးထုတ် ရတနာပုံ သတင်းစာမှာ ဆရာမောင်ခင်မင် (ဓနုဖြူ) အပတ်စဉ် ရေးသားခဲ့တဲ့ မြန်မာဘာသာစကား၊ မြန်မာစာပေဆိုင်ရာ ဆောင်းပါးတွေကို စုစည်းထားတာ ဖြစ်ပါတယ်။ ဆောင်းပါးပေမယ့် ပေါ့ပေါ့ပါးပါး ဖတ်န
ိုင်စေဖို့ ဆွေးနွေးခန်းပုံစံနဲ့ ရေးခဲ့တယ်လို့ အမှာစာမှာ ဖတ်ရှုရပါတယ်။ မြန်မာစာနဲ့ အလုပ်သဘောအရ ဆက်စပ်နေတဲ့ အောင်အောင်၊ ထွန်းထွန်းနဲ့ ဝေေ၀ဆိုတဲ့ သူငယ်ချင်းသုံးယောက် ဆွေးနွေးခန်းပုံစံနဲ့ ရေးထားတာပါ။ ဒီစာပေဆောင်းပါးတွေကို စုစည်းပြီး ရတနာပုံ စကားဝိုင်း အမည်နဲ့ ခဝါလှေမွန် စာအုပ်တိုက်က ထုတ်ဝေထားတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။