‘အမှန်တကယ် မသိဘဲ သိချင်ယောင်ဆောင်သူကား မိမိမသိသည်ကို မသိမှန်း မသိသူ ဖြစ်ပါသည်’ … ဆိုတဲ့ ကောက်စာနဲ့အတူ ဆရာမောင်ခင်မင် (ဓနုဖြူ)ရဲ့ အတွေ့အကြုံ၊ အတွေးအမြင် စာစုတွေကို စုစည်းထုတ်ဝေထားတာပဲ ဖြ�
��်ပါတယ်။ မြင်သမျှလူ ပါရဂူတဲ့လား အပါအဝင် ဆောင်းပါးပေါင်း (၃၆)ပုဒ် ပါဝင်ပါတယ်။ မဂ္ဂဇင်း၊ စာစောင်၊ ဂျာနယ်တွေမှာ ဆရာရေးခဲ့တဲ့ ဆောင်းပါးနဲ့ ရသစာတမ်းတချို့ကို စုစည်းထားပြီး ဒီစာအုပ်ထဲမှာတော့ တက္ကသိုလ်ပါရဂူတန်းမှာ ပညာရှင်များကို ပြုစုပျိုးထောင်ရတဲ့ အတွေ့အကြုံ၊ မြန်မာစာ၊ အင်္ဂလိပ်စာ လေ့လာသင်ကြားရေး အတွေ့အကြုံတွေကို ဖတ်ရှုကြရမှာပဲ ဖြစ်ပါတယ်။