‘မြန်မာ့ဓလေ့ထုံးတမ်းနှင့် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသော မြန်မာအမျိုးသမီးများသည် လူမျိုးခြားများ၏ ဓလေ့ထုံးတမ်းများကို နားမလည်ကြချေ။ လူမျိုးခြားယောကျ်ားနှင့် လက်ထပ်ထိမ်းမြားပ�
�ီး အကြင်လင်မယားအဖြစ် နေထိုင်လာခဲ့ကြသဖြင့် မိမိတို့သည် တရားဝင်လင်မယားအဖြစ်သာ နားလည်ကြသည်။ မြန်မာ့ပတ်ဝန်းကျင်ကလည်း ဤသို့ပင် နားလည်လက်ခံကြသည်။ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ လင်နှင့်မယားသည် တန်းတူအခွင့်အရေး ရရှိကြသည် …’
၁၉၉၀ ပြည့်နှစ် စာပေဗိမာန်စာမူဆုရ စာအုပ်ဖြစ်ပါတယ်။ ဒူးယားစာပေကနေ ဒုတိယအကြိမ် ထုတ်ဝေလိုက်ခြင်း ဖြစ်ပြီး ဒီစာအုပ်ဟာ မြန်မာအမျိုးသမီးများအတွက် အထူးဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။ မြန်မာ့အိမ်သူ မြန်မာ့မူ ဆိုတဲ့ ခေါင်းစဉ်အတိုင်းပါပဲ။ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံတွေနဲ့ အသားကျနေတဲ့ မြန်မာအမျိုးသမီးတို့အတွက် လေ့လာဖတ်ရှုရမယ့် စာအုပ်ကောင်းတစ်အုပ်ပါပဲ။