ကသောင်းကနင်းသမ္မတ
ကျော်မျိုး
3000 က်ပ္
ဒေါ်နယ်ထရမ့်ပ်အကြောင်း မြန်မာလိုစာအုပ်တွေမရှိသေးတဲ့အချိန်မှာ ထွက်လာတဲ့ စာအုပ်...။ အမေရိကန်ရဲ့ ၄၅ ဦးမြောက်သမ္မတဖြစ်တဲ့ ဒေါ်နယ်ထရမ့်ပ် သမ္မတဖြစ်လာတာဟာ ၂၀၁၇ ခုနှစ်မှာမို့ အခုမှ နှစ်နှစ်�
��ြည့်ရုံပဲ ရှိပါသေးတယ်။ မယ်ကမ္ဘာ ပြိုင်ပွဲတွေကို ဦးဆောင်ကျင်းပခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင် ဘီလံျနာတဦးအဖြစ်လည်း လူသိများခဲ့တဲ့ ထရမ့်ပ်ဟာ သမ္မတရွေးကောက်ပွဲ စဝင်စဉ်ကထဲက ကမ္ဘာ့မီဒီယာတွေရဲ့စိတ်ဝင်စားခြင်း ခံရပါတယ်။ သူ့ရဲ့ အများကြိုက်ကို လိုက်ပြီး Populist ဆန်တဲ့ မဲဆွယ်မှု ၊ မီဒီယာတွေမှာ မကြာခဏ ဝေဖန်ခံရမှုတွေကို နှုတ်လှန်ပြန်ထိုးမှု ၊ နိုင်ငံရေးသမားမဆန်တဲ့ စကားလုံး သုံးစွဲမှုတွေကလည်း သူ့ကို နိုင်ငံတကာပြည်သူတွေကပါ သတိထားမိစေ ခဲ့ပါတယ်။ အခု ကျော်မျိုးဘာသာပြန်ဆိုပြီး “ကသောင်းကနင်း သမ္မတ ဒေါ်နယ်ထရမ့်ပ်” လို့ အမည်ပေးထားတဲ့ စာအုပ်ဟာ ဒေါ်နယ်ထရမ့်ပ် အကြောင်း ဘာသာပြန် အတ္ထုပ္ပတ္တိစာအုပ်များ မရှိသေးတဲ့အချိန်မှာ ဦးဦးဖျားဖျား ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒီစာအုပ်ဟာ ဒေါ်နယ်ထရမ့်ပ်နဲ့ ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲ ကာလအတွင်း ရုရှားဖက်က စွက်ဖက်နှောင့်ယှက်မှုတွေကို အက်ဖ်ဘီအိုင်က လည်းပြန်လည် စုံစမ်းစစ်ဆေးနေချိန်မှာ အမေရိကန်ထိပ်တန်း စာနယ်ဇင်းများမှ ဆောင်းပါးများစွာကို ကိုးကားပြုစုပြီး ခေတ်ပြိုင်သတင်းမှတ်တမ်းနဲ့ ရုပ်ပုံလွှာအဖြစ် ပြန်လည်တင်ပြ ထားတာဖြစ်ပါတယ်။ စာအုပ်ကို ဒေါ်နယ်ထရမ့်ပ်သမ္မတမဖြစ်ခင် ဘဝအကြောင်းနဲ့ သမ္မတဖြစ်ပြီးနောက် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရုရှားစွက်ဖက်မှုအရှုပ်တော်ပုံပေါ်လာတဲ့အကြောင်း ၊ ရုရှားစွက်ဖက်မှုကြောင့် ဟီလာရီကလင်တန်ကို ဒေါ်နယ်ထရမ့်ပ်က ကပ်နိုင်ခဲ့သလိုဖြစ်ရတဲ့အကြောင်းနဲ့ ဒီကိစ္စပေါ်လာပြီးနောက် နောက်ဆက်တွဲစုံစမ်း စစ်ဆေးမှုတွေ လုပ်ရတဲ့အကြောင်း ၊ အဲဒီမှာ ထရမ့်ပ်ရဲ့ မဲဆွယ်စည်းရုံးရေး အဖွဲ့ထဲက သူတွေ ၊ ထရမ့်ပ်ရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေပါ ရုရှားစွက်ဖက်မှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးတာ ခံရတဲ့အကြောင်း အသေးစိတ်တွေကို အပိုင်းနှစ်ပိုင်းခွဲပြီး အခန်းငယ် (၁၀)ခန်း နဲ့ ရေးသားပြုစုပေးထားတာပါ ။ ကိုးကားစာစောင် ဆောင်းပါးတွေကလည်း အမေရိကန်ပြည်တွင်း ထိပ်တန်း စာနယ်ဇင်းကြီးမှ ကျွမ်းကျင်သူ ဆောင်းပါးရှင်များစွာရဲ့ Investigative Journalism ခေါ် စူးစမ်းရှာဖွေ လေ့လာ ရေးသားထားတဲ့ ခိုင်မာသော ဆောင်းပါးစာတန်းတွေ ဖြစ်ပါတယ် ။ အပိုင်း(က) ဒေါ်နယ်ထရမ့်ဆိုတာ ဘယ်သူလဲ… ၁။ သမ္မတမဖြစ်ခင်တုန်းက ဒေါ်နယ် ထရမ့်ပ် ၂။ ထရမ့်ပ်မိသားစုနဲ့ ဒေါ်နယ်ထရမ့်ပ်ရဲ့ အိမ်ထောင်ဆက်များ ၃။ သမ္မတဖြစ်ဖို့ ခရီးလမ်း ၄။ အမေရိကန်ရွေးကောက်ပွဲစနစ် တစေ့တစောင်း ၅။ ဒေါ်နယ်ထရမ့်ပ် ဘာကြောင့်နိုင် ၆။ ရီပတ်ဘလီကန်အတွက် အပ်တဖျားစာအနိုင်နဲ့ အနာဂတ်လမ်း ၊ အပိုင်း(ခ) သမ္မတဖြစ်ပြီးနောက်… ၇။ ဘာ့ကြောင့် တရားရေးဌာနဟာ အိမ်ဖြူတော်နဲ့မဆိုင်ဘဲ သီးခြားရပ်တည်နေနိုင်ရသလဲ ၈။ ရောဘတ်မူလာ စုံစမ်းစစ်ဆေးရေး ၉။ မူလာရဲ့ စုံစမ်းစစ်ဆေးရေးနဲ့ ထရမ့်ပ်ရဲ့ လူများ ၁၀။ ၂၀၁၆ အမေရိကန် သမ္မတရွေးကောက်ပွဲ ရုရှားစွက်ဖက်မှုနေ့စွဲများ… (စသဖြင့်) အခန်း(၁၀) ခန်းပါဝင်ပြီး သွက်လက်တဲ့ စာနယ်ဇင်းရေးဟန်နဲ့ မှတ်တမ်းဓါတ်ပုံများကိုလည် ဝေဝေဆာဆာ ထည့်သွင်းဖော်ပြ ထားပါတယ် ။
ကျော်မျိုး စာအုပ္မ်ား
chevron_right
Privacy Policy