‘ဘဝမှာ ဘယ်သူကမှ သင့်ကို နာကျင်စေဖို့၊ ထိခိုက်စေဖို့ဆိုပြီး ရောက်လာကြတာ မဟုတ်ပါဘူး။ တချို့သော နာကျင်စေသူတွေဟာ သင့်ကို ဘယ်လိုသင်ယူရှင်သန်တတ်ဖို့ ကြီးပြင်းရင့်ကျက်စေတတ်ဖို့ဆိုတာကို လမ်�
��ပြဖို့ပဲ ခေတ္တ ရောက်လာကြတာပါ’ … ဆိုတဲ့ ကောက်စာနဲ့အတူ ထွက်ရှိလာတဲ့ စာအုပ်သစ် ဖြစ်ပါတယ်။
‘တစ်ခါတလေ ကျွန်တော်တို့တွေဟာ စိတ်ပျက်အားငယ်မှုတွေ၊ ဝမ်းနည်းမှုတွေကို ရင်မဆိုင်ချင်လည်း ကြုံရတယ်။ ဒီလိုအချိန်မှာ ဒီစာတွေက ကျွန်တော်တို့အတွက် ခွန်အားတွေ ပေးနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်ဖတ်ဖို့ ဆိုပြီး စာတိုလေးတွေ ရေးရင်းနဲ့ နောက်ဆုံးမှာ ကျွန်တော့်လို လောကဓံတွေရဲ့ ကြမ်းတမ်းမှုကို ရင်ဆိုင်နေရတဲ့သူတွေအတွက် ဒီ သင်ဖတ်ဖို့ ဆိုတဲ့ စာအုပ်ကလေးကို ရေးသားဖြစ်ခဲ့တာပါ’ လို့ စာရေးသူ ဦးချေက အမှာစာမှာ ဖော်ပြထားပါတယ်။ စုစုပေါင်း သင်ဖတ်ဖို့ စာစုပေါင်း (၄၉)ပုဒ် ပါဝင်တဲ့ ဒီစာအုပ်ကို ထွန်းလင်းအိမ် စာပေကနေ ထုတ်ဝေလိုက်ခြင်း ဖြစ်ပါတယ်။