လူပျိုကြီးဖြစ်ရခြင်းနှင့် အပျိုကြီးဖြစ်ရခြင်း အကြောင်းရင်းများ
မေသြင်္ကန်ဟိန်း(မြစ်မခ)
2300 က်ပ္
ဒီစာစုတွေ ဖြစ်ပေါ်လာဖို့အတွက် ကျွန်မအနေနဲ့ လူပျိုကြီး အပျိုကြီးတွေကို အင်တာဗျူးပြီး ရေးသားဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။ မည်သူ့ကိုမှ ထိခိုက်ပါစေဆိုတဲ့ စေတနာဆိုး မပါဝင်ဘဲ ရေးသားခဲ့တာကိုတေ�
��့ ကျွန်မအနေနဲ့ တာဝန်ယူပါတယ်’ ဆိုတဲ့ ဆရာမ မေသြင်္ကန်ဟိန်ရဲ့ အမှာစာနဲ့ ထွက်ရှိလာတဲ့ ‘လူပျိုကြီး ဖြစ်ရခြင်းနှင့် အပျိုကြီး ဖြစ်ရခြင်း အကြောင်းရင်းများ’ စာအုပ်ကို လဝန်းသစ် စာပေလုပ်ငန်းစုကနေ တတိယအကြိမ်အဖြစ် (၂၀၁၉)၊ ဖေဖော်ဝါရီလမှာ ထပ်မံပြင်ဆင်ဖြည့်စွက်တည်းဖြတ်ပြီး ထုတ်ဝေဖြန့်ချိလိုက်ပါပြီ။ ဖေဖော်ဝါရီ (၁၄)ရက်၊ ဗယ်လင်တိုင်ဒေးကလည်း နီးကပ်လာချိန်မှာ ဒီစာအုပ်က အချိန်ကိုက်လေး ထွက်ရှိလာတာမို့ စဉ်းစားစရာရှိလာတာတော့ အမှန်ပါပဲ။ တကယ်တော့ အပျိုကြီး လူပျိုကြီးဆိုတာ အကြီးစား FA တွေပဲ မဟုတ်လားဗျာ။ ဗယ်လင်တိုင်ဒေး ရှိတဲ့ ဖေဖော်ဝါရီလမျိုးမှာ အကြီးစားအဆင့်မရောက်သေးတဲ့ အငယ်တန်း FA တွေအနေနဲ့ အချိန်မီလေး ပြင်ဆင်စရာရှိတာ ပြင်ဆင်ရအောင် ‘လူပျိုကြီး ဖြစ်ရခြင်းနှင့် အပျိုကြီး ဖြစ်ရခြင်း အကြောင်းရင်းများ’ စာအုပ်ကိုတော့ ဖတ်ထားသင့်တယ် ထင်တာပါပဲ။ ဒီနှစ် ဗယ်လင်တိုင်မှာ (သူများအတွဲတွေ ပျော်မြူးကြည်နူးနေတာတွေကို ကြည့်ရင်း) အားကျချင် အားကျပေါ့။ ဒါပေမဲ့ နောင်နှစ် ဗယ်လင်တိုင်ကျရင်တော့ လူပျိုကြီးတို့ အပျိုကြီးတို့လို အဖြစ်ဆိုးမျိုး ထပ်မရှိရ မကြုံရတော့ဖို့ စဉ်းစားဖို့တော့လိုပြီ။ ပြင်ဆင်ဖို့တော့ လိုပြီလေ။ ဒီတော့ … ‘လူပျိုကြီး ဖြစ်ရခြင်းနှင့် အပျိုကြီး ဖြစ်ရခြင်း အကြောင်းရင်းများ’ ကို အရင်သာ ဖတ်ကြည့်လိုက်ပေါ့နော်။ ပြီးရင် နဖူးပေါ်လက်တင် စဉ်းစားပေါ့။ ငါဘာကြောင့် ခုထိ FA ဖြစ်နေရသေးတာတုန်း … ဆိုပြီး။ (ဟဲဟဲ) …
ကဲ … ပြီးရင်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပေါ့။ ငါ လူပျိုကြီး ဖြစ်ချင်သလား၊ အပျိုကြီး ဖြစ်ချင်သလား … လို့။ မဖြစ်ချင်ဘူးဆိုရင်တော့ မဖြစ်ရအောင် ပြင်စရာရှိ ပြင်၊ ဆင်စရာရှိ ဆင်ပေါ့လေ။ လောလောဆယ်တော့ ‘လူပျိုကြီး ဖြစ်ရခြင်းနှင့် အပျိုကြီး ဖြစ်ရခြင်း အကြောင်းရင်းများ’ စာအုပ်ကို အရင်ဖတ်ထားဖို့ လိုမယ်နော်။