စိုင်းဝင်းမြင့်စာအုပ်
စိုင်းဝင်းမြင့်
2000 က်ပ္
တစ်ယောက်က ပျော်ပါစေတဲ့ မိသားစုဖြင့် ချစ်သူများနှင့်ပျော်ပါစေတဲ့ တစ်ယောက်ကလည်း ပျော်ပျော်ရွှင်ရွှင်ဆက်သွားပါ ၊ အထီးကျန်လက်စနဲ့ ဆက်ကျန်နေပါစေတဲ့လား ၊ ဘယ်သူခွဲခွဲကိုယ့်အသည်းပါလား ။ နေ
ာက်မှသာ တစ်ယောက်တည်းမျက်ရည်တွေကျရင်ကျလာမယ် ပျော်ပါစေဆိုရင် ကျွန်တော်ကလည်း ပို၍ပျော်ပါစေပဲ ။ ကျွန်တော်ဟာ ရောက်ရာအရပ်မှာ အလောင်းကိုမြေချ နှလုံးသားကျရာ စာမျက်နှာကို ရသလို ဆက်ရေးခဲ့တယ် ကိုယ့်မှာ တစ်အုပ်ရှိနေသလို တစ်ယောက်ချင်းစီမှာလည်း စာတစ်အုပ်ဆိုတာရှိနေကြလို့ ကျွန်တော်ဟာ ကိုယ့်အလိုအရ စာအုပ်ကိုမသွား အခန်းခွဲမထား အပြောလောက်နဲ့ ဇာတ်ကောင်ကို ပြမထား ကျွန်တော့်မှာ အောက်ဖဲရယ်လို့ ဘယ်ဇာတ်ကွက်ကိုမှ ရှိမထားပေးလည်း ၊နောက်ဆုံးဘာတွေရေးထားခဲ့တယ်က အခုအစကို ဆက်မသွားပဲ အခုဖြစ်နေတာ အခုဖြစ်မနေလည်း လွန်ခဲ့သောနှစ်ကဖြစ်ခဲ့တာ မနက်ဖြန်ထဲသွားသွားနေပြီး မနေ့ကထဲ ပြန်ပြန်သွားလို့ အခုအရေးအသား အခုအသွားတွေပြီးရင်လည်း ဘယ်လို ဘာဆက်ရေးမယ်ဆိုတာ မသိသေး အခုဖဲကိုသာ အရသာခံပွတ်ဆွဲလို့ တစ်ယောက်နဲ့တစ်ယောက်တွေ့မှဖြစ်မယ် မတွေ့လည်းဖြစ်တယ်ဆိုတဲ့ အခြေအနေအထိ တစ်နေ့နေ့ဟာ တစ်နေ့မရောက်ခင် ရောက်ရောက်လာတတ်လို့ ကျွန်တော့်မှာ နောက်ဆုံးဖဲနှင့်သာ ဘဝကုန်ပုံအောထားရ အချစ်ဟာဒီလိုပဲကစားကြတာပဲ အသွားနဲ့ တစ်နေ့ဟာ အရော်အစားမပါပဲ ရောက်လာရင်လည်းရောက် ကျွန်တော်တစ်ယောက်ကတော့ ဒီလမ်းကို ဆက်လျှောက်နေတုန်း ဘယ်အခြေအနေအကြောင်းတရားမှာမှ ကျွန်တော်တို့ အနည်းဆုံး မပြုံးနိုင်တော့ဘူးဆိုရင် အဝေးရောက်မှ စာပို့ ဖုန်းပြောကြတာမဟုတ်ပဲ တစ်ယောက်ကိုတစ်ယောက် တွေ့နေတုန်း အတူရှိနေတုန်းမှာပဲ ရပ်လိုက်ကြရုံပဲ ။ မနေ့ညနေက သူမပြောလာတယ် ကျွန်တော်မသိတာ တစ်ခုလုပ်ခဲ့တယ် ၊ ဆူမှာလားတဲ့ ။ ကျွန်တော်ဘာပြန်ပြောတတ်တော့မှာလဲ ၊ ဆူလို့မှ မရတော့တာလို့ပဲ ပြန်ပြောရတော့တာပေါ့ ။ ကျွန်တော့ဆီရောက်မလာခင်လေးမှာ စိတ်ငြိမ်အောင် အရုပ်တွေဝင်ကောက်ခဲ့ရသေးတယ်တဲ့ ။ အရုပ်တွေရလာတယ် ။ မျက်ရည်တွေကျလာတယ် ။ ဘဝဟာ ရူးချင်ချင် တစ်ယောက်ချင်းစီမှာ နာကျင်စရာတွေရှိခဲ့လည်း လက်ကျန်နေရောင်ဟာ မြစ်ကမ်းနားမှာ ကျန်ရှိနေသေးလို့ နေ့ရဲ့အဆုံးသတ်ကို ဘယ်သူမှကြည့်မနေတော့ပဲ ကျွန်တော်တို့နှစ်ယောက်လည်း တစ်ယောက်ကိုတစ်ယောက် အလွမ်းနဲ့ဖြေခဲ့ရတော့တယ် ။ အချစ်ခံရတာရော ချစ်ခဲ့ရတာတွေအတွက်ပါ ကျေးဇူးတင်ပါတယ် ။ ကျေးဇူးတင်ပါတယ် … တဲ့ ။ ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ် ။ ။
စိုင်းဝင်းမြင့် စာအုပ္မ်ား
chevron_right
Privacy Policy