အချစ်ကဗျာ ၁၀၀
မိုသျှန်း
3000 က်ပ္
ဖေဖော်ဝါရီ (၁၄)ရက် နီးလာပြီဆိုတော့ ချစ်သူတွေ ရင်တခုန်ခုန် ဖြစ်နေကြမယ် ထင်ပါတယ်။ ဒါကြောင့် သမီးရည်းစားချစ်သူတွေဖြစ်ဖြစ်၊ ကဗျာချစ်သူတွေဖြစ်ဖြစ်၊ ဘယ်လိုချစ်သူတွေဖြစ်ဖြစ်၊ ရင်ခုန်ဆွတ်နူး
စွာ ဖတ်ရှုနိုင်ဖို့အတွက် ကဗျာစာအုပ်လေးတစ်အုပ် ညွှန်းပေးမယ်နော်။ ချစ်သူများနေ့ မတိုင်မီ ထွက်ရှိလာတဲ့ ဆရာမိုသျှမ်းရဲ့ အချစ်ကဗျာ ၁၀၀ စာအုပ်လေးပါ။ ဒီအချစ်ကဗျာ ၁၀၀ ကို ဆရာမိုသျှမ်းအနေနဲ့ တစ်ကိုယ်တော်ထွက်ရှိဖို့ ကြိုးစားခဲ့တာဟာ သုံးလေးနှစ်ရှိခဲ့ပြီဖြစ်ပေမယ့် ယခု (၂၀၁၉) ဖေဖော်ဝါရီလမှာမှ ဆောင်းစုရတီစာပေကနေ ထွက်ရှိလာခြင်းဖြစ်ပါတယ်။ တစ်ပုဒ်လောက် မြည်းကြည့်နော်။ ‘မှတ်မှတ်ရရ’ ရင်ကော့ပေးလိုက်တယ်။ အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ချစ်သူရဲ့ လက်ဆောင်ပါ။ နေပစေဆိုပြီး ဒီအတိုင်းပဲ ချိုမြိန်ခဲ့တယ်။ တိတ်တိတ်ကလေး ကြေကွဲနေရုံမျှနဲ့ လမ်းခွဲကလေးက ပိုနီးလာမှာမှတ်လို့ မျှော်လင့်ခြင်းတွေကိုတော့ ချစ်သူဆီမှာပဲ အပြီးအပိုင်အပ်နှံခဲ့တယ်။ အဲဒီလို နောက်ပြန်လှည့်လို့ မရတိုင်း ရှေ့ချည်းတိုးခဲ့တာ ငါ့ကိုယ်ငါပဲလေ ဘာလို့ လွဲချော်စေချင်မှာလဲ။ မိုသျှမ်း … ဗယ်လင်တိုင်အတွက် ချစ်သူစုံတွဲတွေအနေနဲ့ ချစ်သူကို လက်ဆောင်ပေးဖို့ထဲက လက်ဆောင်တစ်ခုအဖြစ် ဒီကဗျာစာအုပ်လေး ရှိပါတယ်နော်။ ဖတ်ရှုခံစားကြည့်ကြပါဦး ကဗျာချစ်သူတို့ရေ။
မိုသျှန်း စာအုပ္မ်ား
chevron_right
Privacy Policy