မျက်မြင်သက်သေ
လင်းသက်ငြိမ်
2000 က်ပ္
ကဗျာ ၆၉ ပုဒ် ပါဝင်တဲ့ မျက်မြင်သက်သေ။ ကဗျာဆရာ လင်းသက်ငြိမ်ရဲ့ တစ်ကိုယ်တော် ကဗျာစုစည်းမှု ဖြစ်ပါတယ်။ ချန့်ချန် စာပေကနေ (၂၀၁၈)ခုနှစ်၊ ဒီဇင်ဘာလက ထွက်ရှိခဲ့တဲ့ စာအုပ်လေးပါ။ ကဗျာဆရာ လင်းသက်ငြိ
မ်ရဲ့ မျက်မြင်သက်သေ ကဗျာစာအုပ်ထဲက ကဗျာတချို့ကို မြည်းစမ်းကြည့်ပါဦးဗျာ။ ‘ပွင့်ကြွေ’ သေတာလောက် သေချာတဲ့ ကိစ္စမရှိဘူး ကိုယ်မသွားလည်း လမ်းတွေက ရွေ့လျား နာရီကို ထုခွဲပစ်လိုက်လည်း နေကတော့ ဝင်မှာပါပဲ။ လင်းသက်ငြိမ် ‘ငါနဲ့ငါး’ ငါက ရေချိုးတယ် ငါးက ရေမချိုးဘူး သိပ်ညစ်ပတ်တယ် ညှီစော်အရမ်းနံတာပဲ ကြော်ချက်ပြီးမှပဲ ငါးကို ငါစားခဲ့။ လင်းသက်ငြိမ် ခေတ်ပေါ် မော်ဒန်ကဗျာတွေကို စုစည်းထားတဲ့ မျက်မြင်သက်သေ မြန်မာကဗျာ စုစည်းမှု စာအုပ်လေးကို ကဗျာမြတ်နိုးသူတွေအတွက် ညွှန်းဆိုပေးလိုက်ပါတယ်နော်။
လင်းသက်ငြိမ် စာအုပ္မ်ား
chevron_right
Privacy Policy