မြန်မာပြည်တွင်နေခဲ့စဉ်က
နေဦးဝေ
5000 က်ပ္
ဂေါ်ဒွန် ဆီးဂရေ့ကို ၁၈၉၇ ခုနှစ်က မြန်မာပြည်မှာ မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ အဖိုးနှင့် အဖေတို့ဟာလည်း ၁၈၃၅ ခုနှစ်ကတည်းက မြန်မာပြည်ကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒေါက်တာ ဆီးဂရေ့ဟာ အမေရိကန် န�
�ုင်ငံသား ခရစ်ယာန် သာသနာပြု အဖွဲ့ဝင် ဆရာဝန် တဦး ဖြစ်ပါတယ်။ ၁၉၂၂ ခုနှစ်လောက်မှာ သူဟာ ရှမ်းပြည်နယ်က အင်မတန် ဝေးလံ သီခေါင်တဲ့ နမ့်ခမ်းမြို့ကလေးမှာ အခြေချ နေထိုင်ပြီး လူမျိုးမရွေး ဘာသာမရွေး သူတတ်ထားတဲ့ ဆေးပညာနှင့် ဆေးကုသပေးတာကြောင့် တောင်တန်းပျော် ဆရာဝန်ကြီးလို့လည်း ထင်ရှားကျော်ကြားသူ ဖြစ်ပါတယ်။ ခေတ်မီဆေးပညာ သင်ကြားထားတဲ့ ဆရာဝန်က ဆေးကုသပေးတယ် ဆိုတာ အရင်က ကြားတောင် မကြားဖူးတဲ့ လူ့ အဝန်းအဝိုင်းတစ်ခုကို ရောက်လာတဲ့အတွက် သူဟာ အလွန် ကြီးမားတဲ့ စိန်ခေါ်မှုနှင့် ရင်ဆိုင်ခဲ့ရပါတယ်။ တစ်ဖက်မှာ နာတာရှည် ဝေဒနာသည်တွေ ထောင်နှင့်ချီ ရှိနေပြီး တစ်ဖက်မှာတော့ သည်ဝေဒနာသည်တွေဟာ ခေတ်မီ ဆေးပညာနှင့် ကုသလို့ ရနိုင်တယ် ဆိုတာကို မယုံကြည်ကြဘူး။ ဒါပေမဲ့လည်း သူဟာ သည်တိုင်းရင်းသားတွေရဲ့ ယုံကြည် ကိုးစားမှုကို မဖြစ်နိုင်ဘူးလို့ ထင်တဲ့ကြားက ရအောင် ကိုယ်ကျိုးမဖက် စွန့်လွှတ်ခြင်း သက်သက်နှင့် အရယူနိုင်ခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်ကြီးထဲမှာလည်း သူနှင့် သူ့ သူနာပြုမလေးများဟာ ဗိုလ်ချုပ်ကြီး စတီးဝဲလ်နှင့်အတူ တောတောင် အထပ်ထပ်ကို ခြေလျင် ဖြတ်ကျော်ပြီး မြန်မာပြည်မှ ထွက်ခွာလို့ အထူး ဆေးရုံယူနစ်တပ်ဖွဲ့ တစ်ခု ထူထောင်ကာ ဒဏ်ရာရသူနှင့် ဖျားနာသူ လူနာပေါင်း သောင်းချီကို ဆေးဝါး ကုသပေးခဲ့ကြပါတယ်။ နောက်ပိုင်းမှာ မဟာမိတ် တပ်များနှင့် အတူ မြန်မာပြည်ထဲကို ပြန်လည် ဝင်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ နောက်ပိုင်းမှာတော့ နိုင်ငံတော် သစ္စာဖောက်မှုနှင့် စွဲချက်တင်ခံခဲ့ရပါတယ်။ ဒေါက်တာ ဆီးဂရေ့ဟာ သူ့ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိအဖြစ် …The Life of A Burma Surgeon၊ Burma Surgeon Returns နဲ့ My Hospitals in the Hills ဆိုတဲ့ စာအုပ်သုံးအုပ် ရေးသားခဲ့ပါတယ်။ သည်သုံးအုပ်အနက် ယခု စာအုပ်ကတော့ ပထမအုပ်ကို ပြည့်ပြည့်စုံစုံ ပြန်ဆိုထားခြင်း ဖြစ်ပါတယ်။ ကိုလိုနီခေတ်က မြန်မာပြည်မှာမွေး၊ မြန်မာပြည်မှာကြီးပြီး မြန်မာပြည်ကို မိခင်အိမ်အဖြစ် မှတ်ယူနေထိုင်ခဲ့သူ၊ မြန်မာပြည်သားတွေရဲ့ လိုအပ်ချက်တွေကိုလည်း သိရှိခဲ့သူ၊ ဂျွန် ဟော့ကင်းတက္ကသိုလ်မှ ဆေးပညာဘွဲ့ရရှိပြီး ဆရာဝန်ဖြစ်လာပြီးနောက် မြန်မာပြည်ရဲ့ အခေါင်အဖျားဆုံးနေရာဖြစ်တဲ့ တရုတ်ပြည်နယ်စပ်မှ နမ့်ခမ်းမြို့ဆီ သွားရောက်လို့ သူတတ်သည့်ဆေးပညာနဲ့ အလုပ်အကျွေးပြုခဲ့သူ၊ ဒေါက်တာဆီးဂရေ့ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်ကို ဖတ်ကြည့်ကြပါဦး စာချစ်သူတို့ရေ။
နေဦးဝေ စာအုပ္မ်ား
chevron_right
Privacy Policy