ခက်ရာခဲခြစ် စကားပြေ
သားဦး
2000 က်ပ္
သားဦးရဲ့ ခက်ရာခဲခြစ် စကားပြေ ဟာ သူဖြတ်သန်းခဲ့ရတဲ့ … ကဗျာဆရာများ၊ ကဗျာများ၊ ဘ၀ ပါပဲ။ ခေတ်ပေါ်ကဗျာသမိုင်းကို သက္ကရာဇ်စဉ်သဘော မဟုတ်ဘဲ၊ အကွက်အပြောက်သဘော၊ အပြုအမူ စရိုက်သဘာ၀ သဘောအနေနဲ့ ခံစာ�
�နားလည်နိုင်စရာ ရှိပါတယ်။ ဒီ ခက်ရာခဲခြစ် စကားပြေကို တစ်ပုဒ်ချင်း သီးသန့်ခေါင်းစဉ်တွေ မတပ်လိုတော့တဲ့ သားဦးရဲ့ အလိုအတိုင်း မာတိကာမပါတဲ့မြစ်လို စီးမျောစေလိုက်ပါတယ် … ဆိုတဲ့ ဝိုင်းမော်စာအုပ်တိုက်ရဲ့ အမှာ။ ‘သင်္ဘောက တကယ်လမ်းမှားသွားပြီ ထင်ပါရဲ့ကွာတဲ့။ လမ်းတော့ မမှားလောက်ပါဘူးဗျာ။ မြန်မာပြည်မှာ ဧရာဝတီက ဒီတစ်စင်းပဲ ရှိတာလေလို့ ကျွန်တော်က ပြောတော့ သူစဉ်းစားနေတယ်။ ပြီးမှ လေးတွဲ့တွဲ့လေသံနဲ့ မြစ်က တစ်စင်းတည်းရှိလည်း လမ်းကတော့ မှားချင်ရင် မှားမှာပဲကွ။ အပေါ်ဆန်တက်ရမယ့်ဟာ အောက်ကို စုန်ဆင်းသွား၇င် ဘယ်လိုလုပ်မလဲတဲ့ …’ ခေတ်ပေါ်ကဗျာသဘောတရားတွေနဲ့ စကားပြေစာအုပ်ကို ဖတ်ကြည့်ကြပါဦး စာချစ်သူတို့ရေ။
သားဦး စာအုပ္မ်ား
chevron_right
Privacy Policy