ကော်ဖီသောက်တိုင်း ငါးရိုးစူးတယ်
မှူးသစ်
2500 က်ပ္
ကဗျာဆရာ မှူးသစ် ရေးသားခဲ့တဲ့ ကဗျာတွေနဲ့ အက်ဆေးအချို့ကို စုစည်းပြီး ထုတ်ဝေထားတဲ့ ကော်ဖီသောက်တိုင်း ငါးရိုးဆူးတယ် (ကဗျာ/အက်ဆေး) စာအုပ်ကို Wunn Zinn To Home ကနေ ကြိုတင် မှာယူနိုင်ပြီ ဖြစ်ပါတယ်။ ဒီစာအု�
��်ဟာ ကဗျာဆရာ မှူးသစ်ရဲ့ စတုတ္ထမြောက် ပုံနှိပ်ထုတ်ဝေထားတဲ့ စာအုပ်ဖြစ်ပေမယ့် ကဗျာနဲ့ အက်ဆေးတွေကိုတော့ ပထမဆုံးအကြိမ် စုစည်းထုတ်ဝေထားတာပဲ ဖြစ်ပါတယ်။ နိုင်ငံရေးဆောင်းပါးတွေကို စုစည်းထုတ်ဝေထားတဲ့ ချောင်းကြည့်ပေါက်မှသည် ဒီမိုကရေစီသို့၊ သရော်စာ စာအုပ်တွေအဖြစ် မူးရစ်နှင့် ဂိုးသွင်းကောင်းတဲ့ မြန်မာ့ဒီမိုကရေစီ၊ သရော်စာလုံးချင်းဝတ္ထုဖြစ်တဲ့ ရွှေပြည် ၅၀၁၂ တို့ကို ထုတ်ဝေခဲ့ပေမယ့် ကဗျာနဲ့ အက်ဆေးတွေကိုတော့ အခုမှ စုစည်းထုတ်ဝေတာပဲ ဖြစ်ပါတယ်။ စာအုပ်ထဲမှာတော့ ကဗျာအပုဒ်ရေ (၄၀) နဲ့ အက်ဆေး (၇) ပုဒ် ပါဝင်ပါတယ်။ ကဗျာတွေထဲမှာတော့ ရေပေါ်ဆီတီရှပ်၊ အကြမ်းဖက်နေတဲ့ကမ္ဘာ၊ ခင်ဗျားတို့ ဘယ်လိုလူတွေလဲ၊ ဆိုက်ကို၊ အန္တရာယ်ဇုန်အတွင်းမှ ဂြိုဟ်သားတစ်ကောင်သို့ အထူးမှာကြားခြင်း စတဲ့ ခေတ်တစ်ခုကို ဖြတ်သန်းနေတဲ့ လူငယ်တစ်ယောက်ရဲ့ ခေတ်ပြိုင်ခံစားမှုကို ထင်ဟပ်တဲ့ ကဗျာမျိုးတွေ ပါဝင်နေသလို၊ အဲဒီ ညနေခင်းလေးမှာ ညီမလေး မသိအောင်ပဲ ကိုယ် တိတ်တိတ်လေး ဖျားနေခဲ့တယ်၊ ချစ်ခြင်းမေတ္တာရယ်၊ ကိုယ်ရယ် ဒီလိုနဲ့ တန်ဖိုးတွေ ပွန်းပဲ့ပါသွားခဲ့တယ်၊ သူရဲကောင်းဆန်ချင်တဲ့ဆန္ဒ စတဲ့ ကဗျာတွေလိုမျိုး ချစ်ခြင်းမေတ္တာကို ရည်ညွှန်းတဲ့ ကဗျာတွေလည်း ပါဝင်ပါတယ်။ ကဗျာဆရာမှူးသစ်ရဲ့ အရေးအသားတွေကို ဖတ်ရတာဟာ လူမှုကွန်ယက်စာမျက်နှာတွေ အသုံးပြုသူ အရမ်းမများသေးတဲ့ လွန်ခဲ့တဲ့ ၇ နှစ် ၈ နှစ် ဝန်းကျင်က ဘလော့စာမျက်နှာတွေမှာ ဖတ်ရှုခဲ့ရတဲ့ အရေးအသားတွေ၊ ခံစားမှုတွေကို ပြန်လည်အမှတ်ရစေပါတယ်။ ကဗျာတွေ အက်ဆေးတွေကို ဖတ်ရတာ သဘောကျတဲ့သူတွေအတွက်တော့ နှစ်ခြိုက်သဘောကျစေမယ့် ကဗျာစာအုပ်ကောင်း တစ်အုပ်ပဲ ဖြစ်ပါတယ်။