ပန်းချီဆရာ စိုးနိုင်ရဲ့ ပန်းချီကားတွေနဲ့ အမှတ်တရ စာစုတွေကို စုစည်းပြီး အမှတ်တရအဖြစ် 10 A စာအုပ်တိုက်က ထုတ်ဝေလိုက်ပါတယ်။ ဆရာစိုးနိုင်ရဲ့ ရေးဖော်ရေးဖက် ပန်းချီဆရာတွေက အမှတ်တရ ရေးသားထားတဲ့
စာစုတွေ အပါအဝင် ဆရာစိုးနိုင်ကိုယ်တိုင် ရေးသားထားတဲ့ ဆောင်းပါးဟန် စာစုတွေလည်း ပါဝင်ပါတယ်။
‘ဖြစ်ချင်လွန်းတဲ့ စိတ်စွန့်မှ ငြိမ်းရာရ၊
ပန်းချီကားရေးရန် ဘာသိဘာသာနှင့် စ။
အရေးမကြီးသလို နေရ။
တစ်ခါတရံ မထေမဲ့မြင်တောင် ပန်းချီအပေါ် ပြုကျင့်ခံရ။
စိတ်မွေ့လျော်မှုအတွက်သာ ပန်းချီရေးချင်။’
စိုးနိုင်
ပန်းချီမြတ်နိုးသူတွေရော၊ ဆရာစိုးနိုင်ရဲ့ ပရိသတ်တွေအတွက်ပါ အမှတ်တရ သိမ်းဆည်းထားရမယ့် အနုပညာသမား တစ်ယောက်နဲ့ သူ့ရဲ့ ပန်းချီကားတွေရယ်၊ ပန်းချီကားတွေ အကြောင်းရယ်၊ ပန်းချီဆရာအကြောင်းရယ်ပါ။