သုတစွယ်စုံ စာပဒေသာဆု (၂၀၁၆) ဆုရစာအုပ်ဖြစ်တဲ့ ‘ရေထဲမှာလူ … လူထဲမှာရေ’ စာအုပ်ကို သြကာသစာပေက စတုတ္ထအကြိမ်အဖြစ် ထွက်ရှိလာပါတယ်။
‘မိုးခေါင်မှုများ တိုးတက်ဖြစ်ပေါ်လာသောကြောင့် ၂၀၂၅ တွင် ကမ္ဘ
ာပေါ်ရှိ လူသုံးဦးအနက် နှစ်ဦး(၅ဘီလျံ) သည် လုံးဝရေသုံးမရပဲရှိလိမ့်မည်။ လူသန်းပေါင်းများစွာ ရေအငတ်ဘေးကြုံရလိမ့်မည်ဟုပင် ကုလသမဂ္ဂက တွက်ချက်ထုတ်ပြန် ကြေငြာခဲ့သည်။ မြန်မာနိုင်ငံတွင် ရေအရင်းအမြစ်များ အလွန်အကျွံ သုံးစွဲမှုကြောင့် ရေရှားပါးမှု ပြဿနာများ နှစ်စဉ်ကြုံနေရ၏။ ကျောက်ပန်းတောင်းတွင်
နေ့စဉ် တစ်မိုင်လောက် လမ်းလျှောက်ပြီးမှ သဲတွင်းလေးများထဲမှ ရေကို တနေကုန်ခပ်နေရသည်။ ဂန့်ဂေါ ထီးလင်းတို့တွင် ထန်းရေက ပေါပြီး ရေက ရှားသဖြင့် ထန်းရေငါးဘူးကို ရေတစ်ဘူးနှင့် လဲသောက်နေကြရ၏။
ရန်ကုန်မြို့ကို ရေဖြန့်ဖြူးပေးနေသော ဂျိုးဖြူရေလှောင်ကန်ကြီးသည် တစ်ရက်ကို ရေတစ်ပေခွဲခန့် လျော့နည်းလာနေပြီ။ ရန်ကုန်မြို့တွင် ၂၀၂၀ ကျ လူဦးရေ ၁၀သန်းအတွက် ယခုပေးဝေနေသော ရေထက် ထက်ဝက်ခန့်သာ ဖြန့်ဖြူးနိုင်တော့မည်။’
လူသားတွေအတွက် မရှိမဖြစ်တဲ့ ရေ။ ရေထဲမှာလူ … လူထဲမှာရေ ဆိုတဲ့ စာအုပ်က လူသားအရင်းအမြစ်အတွက် လိုအပ်တဲ့ ရေအရင်းအမြစ်နဲ့ ပတ်သက်ပြီး သင့်ကို ဗဟုသတ အသိတွေ များစွာ ပေးနိုင်ပါလိမ့်မယ်။