မိုးသောက်အရုဏ်
တင့်ဇော်
2500 က်ပ္
မိုးသောက်အရုဏ်(Dawn)ဟာ နေ့(Day)နဲ့ ည(Night) တို့ကို ရေးသားခဲ့တဲ့ စာရေးဆရာ အယ်လီဝီဆယ်လ် ရဲ့အထင်ရှားဆုံးစာအုပ်တွေထဲမှာပါပါတယ်။ စာအုပ် သုံးအုပ်က ဆက်စပ်နေကြပေမဲ့ အခုစာအုပ်ကတော့ ရေးဖွဲ့ပုံကော တင်ပြပု
ံပါ ထူးခြားပါတယ်။ ပါလက်စတိုင်းလွတ်မြောက်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကို ဗြိတိသျှတွေ ဖမ်းမိသွားချိန်မှာ ဗြိတိသျှ ဘုရင်မကြီးရဲ့ အစိုးရအဖွဲ့လက်အောက်က ဗိုလ်ကြီးတစ်ဦးကို ပြန်ပေးဆွဲပြီး အလဲအလှယ်လုပ်ဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ အဲဒီအပေးအယူကိစ္စက မအောင်မြင်ခဲ့ဘူး။ လွတ်မြောက်ရေးတပ်သားကို ကြိုးပေးသတ်မယ့်နေ့မှာပဲ လက်တုံ့ပြန်တဲ့အနေနဲ့ ဓားစာခံ ဗိုလ်ကြီးကို သေဒဏ်ပေးမှာပါ။ ဗိုလ်ကြီးကို သေနတ်နဲ့ပစ်သတ်ရမယ့်သူက အီလစ်ဇာ။ အသက်က ၁၈ နှစ်ပဲ ရှိသေးတယ်။သူက နာဇီအကျဉ်းစခန်းက လွတ်မြောက်ခဲ့ဖူးသူ။ ဒီဝတ္ထုမှာ သူက အဓိကကျတဲ့ဇာတ်ကောင်ပါ။ ဒီဝတ္ထုထဲမှာ ကိုးကွယ်ယုံကြည်မှုနဲ့ ယဉ်ကျေးမှု အတွေးအခေါ် အယူအဆတွေဟာ မေးခွန်းတွေဖြစ်လာတယ်။ ပြီးတော့ ဒီဝတ္ထုက စိတ်ပျက်လက်ပျက် စိတ်ဓာတ်ကျနေတဲ့ လူတစ်ယောက်က မျှော်လင့်ချက်မဲ့မှုဆိုတာကို ဆန့်ကျင်ထားတဲ့ဝတ္ထုပါလို့ မူရင်းစာရေးဆရာ အယ်လီဝီဆယ်က ပြောထားပါတယ်။ မိုးသောက်အရုဏ်(Dawn)ကို ပင်ကိုရေးကော ဘာသာပြန်ပါ လောလောလတ်လတ် အမျိုးသားစာပေဆု ရထားတဲ့ ဆရာတင့်ဇော်ရဲ့ဘာသာပြန်လက်ရာနဲ့ ဖတ်ကြရမှာဖြစ်ပါတယ်။ မျက်နှာဖုံးဒီဇိုင်း ဗဂျီလင်းဝဏ္ဏ တန်ဖိုး ၂၅၀၀ ကျပ်နဲ့ လင်းလွန်းခင် စာပေတိုက်က ထုတ်ဝေဖြန့်ချိထားပါတယ်။
တင့်ဇော် စာအုပ္မ်ား
chevron_right
Privacy Policy